အခန်း(၂၀)

11.3K 934 46
                                    

{ Unicode }

"ကလေး?"

"ဂုဏ်ယူပါတယ် ကိုယ်ဝန်ရှိနေပါပြီ ကိုယ်ဝန်ဆောင်ဖခင်ဖြစ်တာမို့ ပုံမှန်ထက်အများကြီးဂရုစိုက်ဖို့တော့လိုမယ် စိတ်ထိခိုက်စေမဲ့ကိစ္စမျိုးတွေဝေးဝေးရှောင်ခိုင်းပါ"

"ဘာပြောတယ်!"

"တကယ်လားရှင်!"

အံ့ဩကုန်သော Bossရဲ့မိဘနှစ်ပါးကိုကြည့်ပြီး အတွင်းရေးမှူးသည် ငိုရမလို ရယ်ရမလို ၊ မေ့လဲသွားတဲ့ Boss ရဲ့ဆေးစစ်ချက်ဟာ ကလေးတစ်ယောက်ရှိနေသည်တဲ့လား ။ သူ့ကိုယ်သူ ၊ သူ့ဂုဏ်ရည်တွေ မာနတွေကိုသိပ်ချစ်တဲ့ Boss ဒါကိုလက်ခံနိုင်ပါ့မလား?

"အဲ့ကလေးကိုဖျက်ချမယ်"

မျက်နှာကြီးတစ်ခုလုံးနီရဲတွတ်နေပြီး မေးရိုးကြီးတွေထောင်ကာပြောလာသောစကားကြောင့် ဆရာဝန်သည်မျက်ခုံးများတွန့်ချိုးသွားသလို Boss၏အမေသည်လည်းအထိတ်တလန့်တားဆီးလာခဲ့တော့သည် ။

"မဟုတ်တာပဲရှင်ရယ် အဲ့တာကျွန်မတို့မြေးလေ ဘာလို့အဲ့လိုပြောရတာလဲ"

"မင်းပါးစပ်ကိုပိတ်ထား! စောက်ရှက်မရှိ ယောက်ျားတစ်ယောက်ကကိုယ်ဝန်ရှိတာကို ငါကဂုဏ်ယူပေးရမှာလား အဲ့ကိုယ်ဝန်ကိုဖျက်ချပစ်မယ်"

"ဖြောင်း!"

လက်ဝါးနုနုတစ်ဖက်သည် ပါးပြင်ပေါ်ဖြောင်းခနဲကျရောက်သွားပါ၏ ။ မျက်ရည်တွေကျနေရင်း သူမကဆိုလာခဲ့သည် ။

"တစ်ကိုယ်ကောင်းသမား! ရှင့်ကိုမုန်းလိုက်တာ"

တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမုန်းစကားမဆိုဖူးသူက မုန်းတယ်ဆိုလာတော့ ရုတ်ချည်းကြောင်အသွားသလို ။

"မင်းသာကြားထဲက ဝင်မဖျက်ခဲ့ရင် ဒီလိုကိစ္စတွေဖြစ်စရာအကြောင်းရှိလာမှာမဟုတ်ဘူး! ငါ့သားဒီလိုဖြစ်တာမင်းကြောင့်လည်းပါတယ်"

"တစ်ကိုယ်ကောင်းစကားတွေလာမပြောနဲ့!ရှင့်မျက်နှာကိုမမြင်ချင်ဘူး! ကျွန်မသားလေးအနားကအခုထွက်သွား!"

နှင်ထုတ်ခံနေရသည်မို့ ဆက်ပြီးလည်းနေချင်စိတ်မရှိတော့! ဆေးရုံခန်းအပြင်ကိုထွက်လိုက်ပြီး ပြန်ဖို့အလုပ် အပြင်နားမှာမတ်တပ်ရပ်နေတဲ့ ဝမ်ရိပေါ်နဲ့တွေ့လေသည် ။ သေကြောင်းကြံပြီးမသေဘဲ စောစောပြန်နိုးလာပုံပေါက်တဲ့ဝမ်ရိပေါ်က မျက်နှာမကောင်း ၊ ဆက်သွားမဲ့လမ်းကိုမသွားတော့ဘဲရပ်လိုက်ပြီး ဝမ်ရိပေါ်နဲ့မျက်နှာချင်းဆိုင်လိုက်တယ် ။

Wang's (မောင့်အပိုင်)Where stories live. Discover now