အခန်း(၅)

10.5K 1K 109
                                    

အသက်ကလေးကမာနသိပ်ကြီးတယ်

ဆတ်ခနဲလန့်နိုးလာချိန်မှာ သူကအိမ်ကိုပြန်ရောက်နေခဲ့ပြီဖြစ်သည် ။ ပင်ပန်းခဲ့တာမို့ တော်တော်လေးအိပ်ပျော်သွားပုံပင် ။ ကုတင်ပေါ်မှာထထိုင်လိုက်ပြီး မျက်နှာကိုလက်နဲ့ခပ်ကြမ်းကြမ်းပွတ်ဆွဲလိုက်ကာ သက်ပြင်းချလိုက်သည် ။ ပူလောင်စေတဲ့လူအနားမှာဟုတ်မနေဘူးဆိုတဲ့အသိက သူ့ရင်ကိုသိပ်အေးချမ်းစေတာပဲ ။ ဝမ်ရိပေါ်ဆိုတဲ့ကောင်နဲ့ဝေးလေ စိတ်လုံခြုံလေ ။

ကုတင်ဘေးစားပွဲမှာ တင်ထားတဲ့ ဖုန်းကိုလှမ်းယူပြီး ဖွင့်တော့ဖွင့်လို့မရ စက်ပိတ်နေခဲ့သည် ။ အားသွင်းကြိုးတပ်လိုက်ပြီး ကုတင်ပေါ်ပက်လက်ပြန်လှဲချလိုက်ချိန်မှာဘဲ ဟွားကအခန်းထဲဝင်လာခဲ့သည် ။

သူနဲ့ဟွားရဲ့အခြေအနေက လက်ထပ်ဖို့အထိရည်ရွယ်ထားတာဖြစ်လို့ အတူတူနေနေကြတာမဆန်းပေ ။ ရှောင်းကျန့်က ဟွားကိုတန်ဖိုးသိပ်ထားသည်ဆိုသော အကြောင်းပြချက်ဖြင့် အနားမှာခေါ်ထားပေမဲ့ အထိအတွေ့တွေကိုတောင် ဟွားဆီကခွင့်ပြုချက်တောင်းခံတတ်တာမျိုး ။

ဆန့်ကျင်ဘက်ဖြစ်တဲ့ ဝမ်ရိပေါ်နဲ့ယှဉ်လိုက်ရင်တော့ သူ့စိတ်နဲ့နှိုင်းပြီး ရှောင်းကျန့်က ဝမ်ရိပေါ်ကို အတ္တကြီးတဲ့ကိုယ့်ဖို့ပဲကိုယ်ကြည့်တတ်တဲ့ကောင်လို့သာမြင်တော့သည် ။

"နိုးနေတာကြာပြီလား ငါဆန်ပြုတ်သွားပြုတ်နေတာ"

ဟွားကသူ့ဘေးနားမှာဝင်ထိုင်ပြီးပြောလာတော့ ရှောင်းကျန့်မျက်နှာကွက်ခနဲပျက်တယ် ။ သူစိမ်းယောက်ျားတစ်ယောက်ကြောင့် အမာစာမစားနိုင်မှန်း သူ့ချစ်သူကသိနေတယ်တဲ့လား ။ ဟွားကိုသနားစွာပင်ကြည့်မိတော့ ငိုထားပုံရတဲ့သူမမျက်လုံးတွေက အစ်မို့လို့ ။ နီရဲနေတဲ့မျက်နှာလေးနဲ့ဟွားက တစ်ညတွင်းချင်းမှာပဲ ချောင်ကျသွားလိုက်တာ ။

"ငါနင့်ကိုပဲချစ်တယ် ဟွား"

ဆန်ပြုတ်ပန်းကန်ကို ဘေးချလိုက်ပြီး ဟွားကိုရင်ခွင်ထဲဆွဲသွင်းတော့ သူမလေးကငြိမ်ငြိမ်လေးပဲပါလာတယ် ။ ဘာစကားမှမပြောဘဲ နှုတ်ဆိတ်နေရင်း ရှောင်းကျန့်ကိုပြန်လည်ဖက်တွယ်လာတယ် ။ ရင်ထဲမှာတင်းကြပ်နေပြီး ဟွားကိုသနားတာကြောင့် သူ့မှာရူးတော့မလိုပဲ ။

Wang's (မောင့်အပိုင်)Where stories live. Discover now