{ Unicode }
ချစ်တယ် မောင်
"သားသားလေး ဒိုက်ပါဝတ်ပြီးရင် ပါးပါးတို့ shopping ထွက်ကြမယ်"
"အဲ..အဲ"
နီတာရဲသွားဖုံးလေးပေါ်အောင်ရယ်ပြရင်း ကုတင်ပေါ်မှာယက်ကန်ယက်ကန်လေးဖြစ်နေတဲ့သားသားက တအဲအဲအသံပြုလို့ ချော့မြူနေတာကိုရယ်ပြနေတယ် ။ သားသားလေးကို ဒိုက်ပါဝတ်ပေးနေတဲ့ အသက်ကိုမောင်က ခိုးကြည့်ရင်း မျက်နှာလေးလည်းမသိမသာညိုးနေခဲ့သည် ။
"မောင်"
"အင်း"
ဒိုက်ပါဝတ်ပေးပြီးလို့ သားသားလေးကိုချီပြီး ဒီဘက်လှည့်လာတော့မှ မောင်ကလူစိမ်းကားကြီးလိုဟန်ဆောင်ရင်း ခပ်တည်တည်မျက်နှာနဲ့ စာအုပ်ဖတ်ချင်ယောင်ဆောင်ရင်း ပြန်ထူးသည် ။
"Shopping ထွက်မလို့ မောင်လိုက်မယ်မလား"
"သားသားကိုသေချာကြည့်"
ဖတ်လက်စစာအုပ်ကိုချပြီး အခန်းထဲကနေထွက်သွားတဲ့မောင်က မလိုက်ဘူးဆိုတဲ့အကြောင်းတည့်မပြောဘူး ။ သားသားလေးရဲ့ပါးဖောင်းဖောင်းတွေကို မွှေးကြူလိုက်ရင်း အသက်ကပြုံးတယ် ။
မောင့်လောက်မချစ်တတ်ရင်တောင်
မောင့်လောက်တော့သည်းခံတတ်ရမယ်လေ"ပါးပါးတို့ဝယ်စရာတွေများတယ်ကွ ၊ ဝယ်စရာများပေမဲ့ ပါးပါးဘာဝယ်ရမလဲမသိဘူး ဟီးဟီး"
သားသားလေးကိုစကားတွေပြောရင်း မားကတ်ထဲလှည့်ပတ်ကြည့်နေတဲ့အသက်က အခုထိဘာကိုမှသေချာမဝယ်ရသေးဘူး ။
"ဒါလေးစားမယ်မလား ပါးပါးဝယ်ကျွေးမယ်နော်"
ကလေးအာဟာရဆန်မှုန့်ဘူးလေးကို မြှောက်ပြရင်းဈေးခြင်းတွန်းလှည်းထဲထည့်လိုက်တယ် ။ ငယ်လွန်းလို့ချီပိုးအိတ်လေးထဲထည့်ထားတဲ့သားသားက ဟိုကြည့်သည်ကြည့်နဲ့ ။ ဟိုနေရာကြည့်လိုက် ဒီနေရာကြည့်လိုက်နဲ့ ဈေးခြင်းထဲဘာမှမရောက်သေးတဲ့အသက်က ခြေထောက်တွေသာညောင်းလာတယ် ဈေးဝယ်ထွက်ရတာက မောင်မပါတော့ တကယ်ကိုအဆင်မပြေဘူး ။ နေ့ရက်တိုင်းက မောင်သာမရှိရင် ကပေါက်တိကပေါက်ချာတွေဆိုတာ တဖြေးဖြေးမှန်လာတယ် ။ မောင်စီမံအုပ်ချုပ်တဲ့ မောင့်ကမ္ဘာလေးထဲမင်းတက်လုပ်နေပြီး မောင်မရှိတော့နေသားမကျတဲ့ဘဝတစ်ခုကိုရလိုက်သလိုမျိုး အရာရာကစလို့ ဈေးဝယ်ထွက်တာလေးတောင်အဆင်မပြေတော့ ။