အခန်း(၁၅)

9.8K 873 52
                                    

{ Unicode }

မောင်ငိုပြန်ပြီ

"မောင်ကပြောရင် ပြောတဲ့အတိုင်းပဲလုပ်တတ်တယ်နော် ၊ တစ်ညလုံးလုပ်ပစ်မယ်ပြောထားတာ တကယ်လည်း မောင်တစ်ညလုံးလုပ်ခဲ့တယ်လေ ၊ မောင်တို့ညကလုပ်တာ အရမ်းကောင်းတယ်မလား ၊ မောင်ကတော့ညတိုင်းတောင်လုပ်ချင်တယ် အသက်သဘောကရောဟင်"

"ဘုန်း! ဘုန်း!"

အကျီမကပ်တဲ့အသက်ကလေးဟာ မောင့်ရင်ဘတ်ကျယ်ကြီးကို တဘုန်းဘုန်းထုရိုက်ရင်း အဖြေပြန်ပေးတယ် ။ မောင်အချစ်ကြမ်းသွားတာမို့ အသက်ကလေးအရမ်းပင်ပန်းနေတယ် ။ မျက်ကွင်းလေးတွေညိုနေပြီး တစ်ကိုယ်လုံးလည်းနီညိုညိုအကွက်တွေနဲ့ရစရာမရှိဘူး ။

"မျက်နှာပြောင်ကိုတိုက်တယ် မုန်းစရာကောင်းလိုက်တာ ဝမ်ရိပေါ်!"

"ညကတော့ မောင် ဆို"

ကုတင်ပေါ်ကနေမထရသေးဘဲမောင့်ကိုရန်လုပ်နေတဲ့အသက်က မောင်တစ်ချက်ဆောင့်ဆွဲလိုက်ရင် ရင်ခွင်ထဲတန်းကျလာမှာ ။ နီရဲပေါက်ပြဲနေတဲ့နှုတ်ခမ်းကိုကိုက်ရင်း မောင့်ကိုရန်တွေ့စရာ စကားလုံးရှာနေတဲ့အသက်ကလေးက သနားပါတယ် ။ နေ့တိုင်းနီးပါး စိတ်တွေတိုလိုက် မောင်ကမခံချင်အောင်စလို့ ‌ရန်‌တွေ့လိုက်နဲ့ ပင်ပန်းတာပေါ့ ။

"အယုတ်တမာကောင်! ငါ့ကိုမရွဲ့နဲ့ အခုထွက်သွား!"

မောင်ကရယ်တယ် ။ ရှက်ရမ်းရမ်းပြီး မောင့်ကိုနှင်ထုတ်နေတာက သိပ်ကိုချစ်ဖို့ကောင်းသလို အသည်းယားဖို့လည်းကောင်းတယ် ။ ခေါင်းအုံးပျံတွေပါ မောင့်ဆီဝဲလာတော့မှ မောင်ကကုတင်ပေါ်ကနေထသွားလေတော့သည် ။

"အား! စိတ်ရှုပ်လိုက်တာ!"

တစ်ယောက်ထဲကျန်ခဲ့ရင်း မကျေမနပ်ဖြစ်သွားတဲ့‌အသက်ကလေးက သူ့ခေါင်းကိုသူနာနာလေးထုတယ် ။ ဝမ်ရိပေါ်ရဲ့အထိအတွေ့တွေအောက် အမြဲကျရှုံးနေရလို့ သူ့ကိုယ်သူလည်းတကယ်အားမရတော့ပါဘူး ။

အသက်ကလေးမပြောနဲ့ ၊ မောင့်လက်နဲ့ထိရင် ပန်းတွေတောင်ပွင့်တယ်အသက်ရဲ့ မငြင်းဆန်နိုင်တာမဆန်းဘူးကွယ်!

Wang's (မောင့်အပိုင်)Where stories live. Discover now