အခန်း (၁)

25.4K 1.4K 56
                                    

{ Unicode }

လိုချင်လို့အပိုင်ယူတာဆန်းသလား


ဖက်ထားခံရတာက တင်းတင်းကြပ်ကြပ် ၊ ရုန်းမရတဲ့အခြေအနေကို စိတ်ကုန်စိတ်ပျက်လာတာမို့ မျက်ရည်တွေကြားထဲကနေပဲ ရင်ဘတ်တစ်လျှောက်သိုင်းကာ ဖက်ထားတဲ့ သန်သန်မာမာလက်တစ်စုံကို ကုန်းကိုက်ပစ်လိုက်တယ် ။

"အာ့..အသက်!"

ဒီအသံ...လွှမ်းမိုးနိုင်တဲ့အဲဒီ့အသံ တကယ်ကိုမုန်းစရာကောင်းလှချည်ရဲ့ ။

"ခွေးကောင်! ငါ့ကိုအခုလွှတ်ပေး"

အသံတွေသည် အဖျားခတ်တုန်ယင်နေလိမ့်မည် ။ မာနတွေတစ်ပုံကြီး ကျကွဲကုန်လို့လည်းဖြစ်နိုင်သည် ။ မခံမရပ်နိုင်လောက်အောင် ဒေါသထွက်နေရလို့လည်းဖြစ်နိုင်သည် ။

"ဘာလို့လွှတ်ပေးရမှာလဲ အသက်ရဲ့ မောင်ကချစ်လို့ဟာကို"

"ငါ့ကိုအဲ့လိုမခေါ်စမ်းနဲ့! မင်းလိုချင်တာရပြီးပြီမဟုတ်လား ငါအိမ်ပြန်မယ် အခုလွှတ်ပေးငါ့ကို"

မလွတ်မှန်းသိသိနဲ့ ဇွတ်ကိုရုန်းနေတဲ့ ယုန်ညိုလေးက ဆင်ခြင်တုံတရားမဲ့လိုက်တာ ။ မုဆိုးစိတ်ကွက်သွားမှာ မကြောက်ဘူးလားမသိ ။

နည်းနည်းလေးတောင် ထပ်လှုပ်လို့မရအောင် အားပိုထည့်ကာဖက်တွယ်လိုက်ပြီး နားသီးဖျားလေးကို စုပ်ယူပစ်လိုက်တော့ ခါးခါးသီးသီးငြင်းရှာတယ် ။

"မလုပ်နဲ့လို့ငါပြောနေတယ်!!"

"ချစ်လွန်းလို့ပါ အသက်ရယ်"

အလိုမတူတဲ့ကြားကနေ အတင်းရအောင်ယူတယ်ပဲပြောပြော အသက်ကိုမောင်ကသိပ်ချစ်တာမို့ ဂရုစိုက်မနေတော့ပါဘူး ။ အသက်က မောင့်ကိုအခုမချစ်လည်း တစ်ချိန်ချစ်လာမှာပဲ ။ မောင်ကလွဲပြီး တခြားလူကို ချစ်မြတ်နိုးပိုင်ခွင့် အသက်ကလေးမှာ မရှိဘူး ။

"မင်းကိုတော့ ငါကအရမ်းမုန်းတယ်"

ဒီစကားကြားတော့ မောင်ရယ်ချင်တယ် ။ မဟုတ်ဘဲနဲ့ လျှောက်ပြောနေပြန်ပါပြီကွယ် ။

"မုန်းလေ မုန်းစမ်းပါအသက်ရဲ့! မောင်ကတော့ မင်းကိုသိပ်ချစ်တယ်"

Wang's (မောင့်အပိုင်)Where stories live. Discover now