{ Unicode }
အသက်ဆိုးတာ
မောင်အိပ်နေသလောက်ပဲရှိတယ်"ဒါကဘာလဲ!"
CEO တစ်ယောက်ရဲ့ ကိုယ်ပိုင်စားပွဲပေါ်ကို အရိုအသေမရှိ ပစ်တင်လာသော စာရွက်တစ်ချို့ ။ အခန်းတံခါးကိုလည်း အရင်ဦးဆုံးခေါက်တီးခြင်းမရှိပါဘဲ လက်လွတ်စပါယ်ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ကာရိုင်းစိုင်းတတ်တာ တစ်ယောက်သာရှိသည် ။
!ဝမ်ရိပေါ်!
"မောင်တို့လက်ထပ်ပြီးပေမဲ့ စာချုပ်မှာလက်မှတ်မထိုးရသေးဘူးလေ"
"ဗြိ!"
လက်ချောင်းလေးများ၏အားမာန်ဖြင့် တစ်စစီဆုတ်ဖြဲခံလိုက်ရသော စာရွက်ကလေးများသည် မဲ့ပြုံးကလေးတစ်ခုနှင့်အတူ ကြမ်းပြင်ပေါ်ကိုအတုန်းအရုန်း ။ စာရွက်ကလေးတွေရဲ့နိဂုံးကိုမကြည့်အား..မောင်ကအသက်ရဲ့ မဲ့သောအပြုံးရေစီးကြောင်းလေးထဲမြောနေတဲ့သစ်သားတုံးတစ်တုံး ။
"စောက်ရူးမို့ ငါကလက်မှတ်ထိုးပေးရမှာလား ဝမ်ရိပေါ်"
စိမ်းစိမ်းလေးကြည့်ပြီး စူးစူးလေးပြောပေးလိုက်တော့ ဝမ်ရိပေါ်ကနှုတ်ခမ်းမဲ့ပြလာတယ် ။
"ဝမ်ရိပေါ်တဲ့လားကွာ မောင်လို့ခေါ်ပါဆိုနေ အသည်းနာအောင်လုပ်ပြန်ပြီ!"
တယ်!!!ဒီစောက်ရူးကောင်ကတော့!!
အတွေးထဲမှာ ဒေါသကြောင့်အော်ဟစ်ပစ်လိုက်တဲ့ အသက်က ဝမ်ရိပေါ်ကြောင့်သူစိတ်တိုသွားပါတယ်ဆိုရင် ဝမ်ရိပေါ်ရဲ့အကွက်ထဲကိုဝင်သွားပါဦးမည် ။ ရုပ်ကိုတည်တင်းပစ်လို့ ဟန်မပြတ်နေနေလိုက်တယ် ။ မာနမျက်ဝန်းတွေက ဝမ်ရိပေါ်ကိုသေးငယ်နုတ်စိတ်သွားအောင် တင်တင်စီးစီးကြည့်ပြဖို့လည်းမမေ့!
စိတ်ထဲမှာကတော့ ဝမ်ရိပေါ်အပေါ်ကိုတက်ခွလို့ လည်ပင်းညှစ်ပြီးနေပြီ ။"ငါမင်းနဲ့ရန်ဖြစ်ဖို့စိတ်မပါဘူးဝမ်ရိပေါ် မင်းလာရာလမ်းအတိုင်းလှည့်ပြန်လိုက်တော့"
ဝမ်ရိပေါ်ကမျက်ခုံးတစ်ဖက်ကို သိသိသာသာလေးပင့်တင်ပြတယ် ။ နှုတ်ခမ်းလေးတစ်ဖက်ကကော့တက်သွားပြီး ပြုံးစစဖြင့်..