အခန်း(၂၂)

10.8K 850 22
                                    

{ Unicode }

မာနတွေထက်မောင့်ကိုပိုချစ်ရင်
အရာအားလုံးအဆင်ပြေသွားလိမ့်မယ်

မောင့်ကိုစကားမပြောတာ တစ်ပတ်ပင်ပြည့်တော့မည် ။ ချစ်တယ်ဆိုပြီး မျက်နှာရိပ်မျက်နှာကဲ သေချာမခတ်တတ်တဲ့မောင် ၊ ချစ်တယ်ဆိုပြီး အပေါ်ယံဆက်ဆံမှုတွေကိုပဲ အတည်ယူနေတတ်တဲ့မောင် ၊ မောင့်ကိုစိတ်ဆိုးလွန်းလို့ စကားမပြောတာတစ်ပတ်ပြည့်ပြီ ။

"ရန်းကျုံ ရဲ့ဆိုင်မှာ တောင်ဆိတ်သားတွေရောက်နေတယ် ၊ မောင်ဈေးသွားရင်းနဲ့အသက်စားဖို့ ဝယ်လာတာ ဒီမှာကြည့်အသက်"

ဈေးခြင်းထဲက အသားတစ်ချို့ကိုထုပ်ပိုးထားတဲ့ ဖော့ဘူးကိုထုတ်ပြတဲ့မောင်က ဘာလေးပြောပြောမှတ်ထားသည် ။ အသက်ကိုယ်တိုင်တောင် မမှတ်မိတော့ပါသော တောင်ဆိတ်သားစားချင်သည်ဟူသော စကားအား မရရအောင်ဖြည့်ဆည်းပေးလေသည် ။ ငါးရောင်းတဲ့ဆိုင်မှာ ဆိတ်သားရတယ်ဆိုထဲက မောင်လုပ်ကြံထားတာသေချာသည် ။

"မောင်အသားဟင်းလေးချက်ပေးမယ် စားလို့ကောင်းတယ်ဆိုရင် အသားထပ်မှာလိုက်မယ်လေ နော််"

"..."

မောင်ပြောသမျှကိုကြားရက်နဲ့ ပြန်မဖြေတဲ့အသက်က ရုပ်ကြီးဆူပုပ်နေပြီး ဖုန်းကိုသာကြည့်နေသည် ။

"မောင်ချက်လိုက်ပြီနော် ဒါဆိုရင်"

တုန့်ပြန်မှုမရတဲ့အဖြေတစ်ခုကို စောင့်မနေတော့ဘဲ မောင်မီးဖိုခန်းထဲဝင်လိုက်သည် ။ တစ်ခါတလေ မောင်ကမရှိတဲ့လူတစ်ယောက်လိုမျိုး အသက်ကလျစ်လျူရှုတတ်သည် ။ တိတ်ဆိတ်တဲ့အိမ်လေးထဲမှာ မောင်ရယ်အသက်ရယ် ၊ အသက်ရယ်မောင်ရယ် နှစ်ယောက်ထဲရှိတာကို အသက်ကမောင့်ဆိုရင် မရှိသလိုဆက်ဆံတော့ နေရတာအထီးကျန်ဆန်လွန်းတယ်လို့ခံစားရသည် ။

ဟင်းတွေချက်ပြီးတော့ အသက်ရေချိုးဖို့ ရေနွေးလေးအမြန်စပ်ပေးရသေးသည် ။ ရေမချိုးဘဲ တဘတ်တစ်ထည်ထဲပတ်ပြီး ကုတင်ပေါ်ငုတ်တုတ်ထိုင်နေတဲ့အသက်လေးက မောင့်ကိုရေစပ်ပေးဖို့လည်းလာမခေါ် ၊ ရေချိုးမယ်ဆိုတာလည်းလာမပြော ၊ ပေတေပြီးရွဲ့ကာထိုင်နေသည် ။ ရေပူရေအေးမျှတအောင် မောင်ဝင်စပ်ပေးပြီးတော့မှ ရေဝင်ချိုးလေသည် ။

Wang's (မောင့်အပိုင်)Where stories live. Discover now