"LaLisa"
Lisaတယောက်သူ့၏နာမည်ကိုကြားလိုက်
သည်နှင့်ပြာပြာသလဲအိမ်အပေါ်ထပ်သို့ပြေးတက်သွားသည်။
အခန်းရှေ့ ရောက်သည်နှင့်ရင်ဆိုင်လိုက်ရသည်က မမလေးရဲ့လက်ဝါးစာ"ဖြန်း"
"နင်ဘယ်လိုလုပ်ထားတာလဲ၊ဟမ်"
"နင်မှာဦးနှောက်မရှိဘူးလား၊ငါဒီလောက်သေချာပြောထားရက်နဲ့""တောင်းပန်ပါတယ် မမလေး"
"နင်တို့လိုအောက်တန်းစားတွေက တောင်းပန်ဖို့ဘဲတတ်တာလား ဟမ်"
"မမလေး ကြိုက်တဲ့အပြစ်ပေးပါ Lisa ခံယူဖို့အသင့်ပါပဲ"
"ပေးမှာပါ ၊တောင်းဆိုစရာမလိုဘူးပေးမှာ"
မမလေးကြိုက်တဲ့အပြစ်ကိုပေးပါ။Lisa
ဘဝကနာကျင်မှုတွေနဲ့နေသားကျနေပါပြီ"ငါမြို့လယ်မှာရှိတဲ့ရေခဲမုန့်ဆိုင်ကရေခဲမုန့်စားချင်တယ်၊သွားဝယ်လာခဲ့ မပျော်စေနဲ့နော်
မဟုတ်ရင်မင်းငါ့အကြောင်းသိပါတယ်""ဟုတ်ကဲ့ မမလေး ၊Lisaစက်ဘီးနဲ့မြန်မြန်သွားဝယ်ပေးပါမယ်"
"မင်းလမ်းလျှောက်ဘဲသွားဝယ်ရမယ် ကြားလား"
"ဟုတ်ကဲ့မမလေး "
Lisaတယောက်လေးပင်စွာနဲ့ပင်အောက်ထပ်သို့ပြန်ဆင်းလာခဲ့တယ်။
အောက်ထပ်ရောက်တော့ကြီးကြီးက
လီဆာ့နားလာကာမေးတယ်။"လီလေး မင်းမမလေးကဘာခိုင်းလိုက်တာလဲ"
Lisaလည်းသက်ပြင်းလေးချကာ"မြို့လယ်မှာရှိတဲ့ရေခဲမုန့်တဲ့ ကြီးကြီးရေ"
"မင်းမမလေးကစိတ်တိုနေလို့ပါကွယ်"
"ကြီးကြီးရယ် လီလီတို့ဘဝကဒီလိုပါပဲ၊လီလီသွားလိုက်ဦးမယ်နော်၊တော်ကြာထပ်ပြီးအပြစ်ပေးခံနေရဦးမယ်"
"အေးအေး"
ကြီးကြီးတယောက်လီဆာကိုသနားခြင်းမှအပမတတ်နိုင်။
လီလီလေးကသနားဖို့ကောင်းတယ်
ငယ်ငယ်လေးထဲကမိဘတွေကမရှိရှာတော့ဘူး။ဒါ့ကြောင့် Mr. Kim ကမိဘမဲ့ဂေဟာကနေမွေးစားခဲ့ခြင်းဖြစ်သည်။
ဂျိမ်းလေးကတော့မောက်မာတယ်
အခုလည်းကြည့်သူ့အိမ်စာတွေကိုလီဆာလေးကိုလုပ်ခိုင်းတာလက်ရေးမလှလို့အပြစ်ပေးပြန်ပြီ