part-13

1.2K 83 2
                                    

1လကြာပြီးနောက်.................

ဒီနေ့လီဆာကိုအဖြေပေးဖို့ပန်းခြံထဲမှာချိန်းထားတယ်။ဒီအတောအတွင်းမှာလီဆာအပေါ်ချစ်စိတ်တွေပိုတိုးလာခဲ့တယ်။လီဆာကဂရုစိုက်တယ်၊အသေးအဖွဲလေးကစ။

"မမ...စောင့်နေတာကြာသွားပြီလား "

"မကြာသေးပါဘူး "

"မမ အဖြေပေးမယ်ဆို"

"အင်း...သေချာနားထောင်နော်"

"ဟုတ်"

"မမလည်းမင်းကိုချစ်တယ်"

"တ...တကယ်နော် မမ"

"အင်း"

"ပြန်ပြောပါဦး ကြားချင်သေးလို့"

"တော်ပြီ "

"ပြောပါနော်....ကြားချင်လို့ပါ "

"ချစ်တယ် ချစ်တယ် အရမ်းချစ်တယ်"

"ပျော်လိုက်တာ မမရယ်"

"မမ ကိုချစ်လား"

"ဘယ်လိုတောင်မေးလိုက်တာလဲ မမရယ်
ချစ်တာပေါ့ ကိုယ့်အသက်ထက်ကိုပိုချစ်တာ
တကယ်လို့ မမ က သေလိုက် လို့ပြောရင်ချက်ချင်းသေလိုက်မှာ "

"အို..... မပြောကောင်းတာတွေလျှောက်ပြောနေပြန်ပြီ ဘယ်တော့မှအဲ့လိုမပြောဘူးနော် နောက်တခါအဲ့လိုမပြောနဲ့ ပြောရင်မင်းကိုတသက်လုံးမခေါ်တော့ပဲနေမှာ"

"တသက်လုံးမခေါ်ပဲနဲ့တော့မပြောပါနဲ့ မမ ရယ် နောက်ခါမပြောတော့ဘူးနော်"

"အင်း ကတိနော်🤙"

"ကတိ.... ကတိ🤙 မမကိုတခုပြောစရာရှိတယ်"

"ပြောလေ"

"မမကိုဖက်ချင်လို့ ရလား"

"ခွင့်တောင်းစရာမလိုပါဘူး ချစ်လို့အဖြေတောင်ပေးပြီးပြီလေ"

"အဖြေပေးပြီးတာတော့ပေးပြီးတာပေါ့ ဒါပေမဲ့ကိုယ်ကမမကိုတန်ဖိုးထားတယ်လေ
အဲ့ကြောင့်ခွင့်တောင်းတာပါ"

"ဟုတ်ပါပြီရှင် ဖက်လို့ရပါတယ်"

လီဆာရင်ခွင်ထဲကိုဝင်လိုက်တော့သူ့ရဲ့နှလုံးခုန်သံကမြန်နေလိုက်တာမှအဆက်မပြတ်ပဲ။လီဆာကိုချစ်ရတာက
သူကဂျိမ်းအပေါ်အခွင့်အရေးမယူဘူး
ဂျိမ်းကိုတန်ဖိုးထားတယ် ဂျိမ်းကိုလည်းဂရုစိုက်တယ် ၊ဂျိမ်းရဲ့အရင်ရည်းစားတွေဆိုအခွင့်အရေးသမားတွေကများတယ်။
လီဆာနဲ့တခြားစီပဲ သူဂျိမ်းကိုချစ်သလောက်ပြန်မချစ်နိုင်ရင်တောင်သူ့အချစ်ထက်မလျော့တဲ့အချစ်မျိုးနဲ့ဂျိမ်းလည်းသူ့ကိုချစ်ပါတယ်။

ချစ်ရပါသော မမWhere stories live. Discover now