ညနေအိမ်ပြန်ရောက်ခါနီးကျတော့ မမ က
သူအရင်ဝင်မယ်လို့ပြောလို့သူစိတ်တိုင်းကျ
သပ်သပ်စီဝင်ခဲ့ရသေးတယ်။လီလီအိမ်ထဲရောက်တော့ မမ ကသူ့အခန်းထဲတောင်ဝင်သွားပြီ။လီလီလည်းကိုယ့်အခန်းထဲကိုဝင်လာခဲ့တယ်။"အား.........တနေ့လုံးလျှောက်သွားထားတော့ပင်ပန်းလိုက်တာ"
လီလီရေမိုးချိုးပြီးအောက်ထပ်ကိုဆင်းလာလိုက်တယ်။လီလီအောက်ထပ်ကိုရောက်တော့ မမ ကညအိပ်ဝတ်အင်ကျီလေးနဲ့tv ထိုင်ကြည့်နေတယ်။လီလီလည်းမမနဲ့မလှမ်းမကမ်းမှာဝင်ထိုင်လိုက်တယ်။
"မမ.....မမ"
"ဟင်...ပြောလေ"
"မမဘေးနားမှာထိုင်ချင်တယ်"
"လီလီကလည်း မရဘူးလေ"
"ရပါတယ်"
"ဖေဖေကိုဖွင့်ပြောပြီးမှလေ.....နော်"
"မမကလည်းကွာ.......ဒါဆိုအန်ကယ်ကိုဖွင့်ပြောပြီးရင် မမ အနားမှာထိုင်မှာနော်"
"ဟုတ်ပါပြီရှင် "
ဂျိမ်းဘေးကခုံမှာစူပုပ်ပုပ်နဲ့ထိုင်နေတဲ့လီလီပုံစံလေးကချစ်စရာကောင်းချက်။ဂျိမ်းလည်းခေါ်ထိုင်ချင်ပေမဲ့အခုဂျိမ်းတို့နှစ်ယောက်အခြေအနေကိုသိထားကြတဲ့အတိုင်းဆို
ဂျိမ်းကသူ့ကိုမကြည်ဘူးလေ။ဖေဖေကိုဖွင့်ပြောပြီးမှသူ့စိတ်တိုင်းကျလိုက်လျောပေးတော့မယ် လို့တွေးထားလိုက်တယ်။တီ....တီ (ကားဟွန်းသံ)
"ဖေဖေပြန်လာပြီထင်တယ်"
"သွားကြိုရအောင်လေ မမ"
"အင်း "
.............
"ဖေဖေ"
"သမီးလေး....လာပါအုံး လွမ်းနေတာ"
"သမီးလည်းလွမ်းနေတာပါနော်"
"ဟုတ်ပါပြီဗျာ "
"အိမ်ထဲဝင်ရအောင်လေ ဖေဖေ"
"အေးအေး "
လီလီ မမ တို့သားအဖကိုကြည့်နေရင်းမျက်ရည်တွေဝဲတက်လာတယ်။
*ငါ့မှာလည်းဒီလိုနွေးထွေးတဲ့မိသားစုလေးရှိရင်ကောင်းမှာပဲ*