part-5

1.1K 83 4
                                    


နောက်တနေ့လီတို့ကျောင်းရှေ့ရောက်တော့
မနေ့ကကောင်မလေးကကျောင်းရှေ့မှာရပ်စောင့်နေတယ်။

"oppa မနေ့ကဖုန်းနံပါတ်ကဘယ်ကလဲဆိုတာသိလား"

လီကိုတွေ့တာနဲ့သူကပြေးပြီးလာပြောတယ်

"မသိဘူးလေ"

"အာ့ဆိုဘာလို့ပေးတာလဲ"

"မင်းပဲဖုန်းနံပါတ်ဆို...အဲ့ကြောင့်ပေးလိုက်တာလေ"

"မနေ့ကoppaပေးလိုက်တဲ့ဖုန်းနံပါတ်ကစိတ်ကျန်းမာရေးဆေးရုံကတဲ့"

"အဲ့တော့"

"အဲ့တော့အခုoppaကမုန့်လိုက်ဝယ်ကျွေးလေ"

"မင်းကိုငါပေးတာမှမဟုတ်ဘဲ...မင်းဟာမင်းတောင်းတာလေ"

"ရတယ်လေ....ဒါဆိုလည်းoppaနောက်ကိုတကောက်ကောက်ဆက်လိုက်နေရမှာပေါ့"

"ဒီမှာမိန်းကလေး...ငါ့မှာချစ်သူရှိတယ်"

"မ​ဖြစ်နိုင်တာ...oppaတခြားကောင်မလေးတွေနဲ့လာတာတခါမှမမြင်ဖူးဘူး"

"အဲ့တာတွေငါမသိဘူး....ငါ့နောက်ကိုဆက်မလိုက်ပါနဲ့..ငါ့ကောင်မလေးမကြိုက်ဘူး"

ဒီတခါတော့လီပြတ်သားမှဖြစ်မယ်။မဟုတ်ရင်ဒီကောင်မလေးကနောင်တချိန်ကျရင်အနှောက်အယှက်ဖြစ်နေနိုင်တယ်။

လီ့မှာကချစ်သူရှိတယ်တဲ့၊ဘယ်လိုလုပ်ရမလဲ
ဟုတ်တယ်..ချောသွားအောင်ညနေအိမ်ပြန်တဲ့အချိန်ကျရင်မေးကြည့်ရမယ်။

"အဟမ်း....လီဆာ ခဏနေကျရင်ငါ့အတွက်မုန့်ဝယ်ပြီးလာပို့ပေး"

"ဟုတ်မမ "

ဂျိမ်းလည်းအတွေးပေါင်းများစွာနဲ့အတန်းကိုဘဲလာခဲ့လိုက်တယ်
................

"oppaပြောတဲ့ချစ်သူဆိုတာသူလား"

"ဟုတ်တယ်...သူကငါ့ချစ်သူဘဲ.....အဲ့ဒါ့ကြောင့်မင်းထပ်မနှောင့်ယှက်ပါနဲ့တော့"

လီလည်းပြောပြီးတာနဲ့တန်းထွက်လာခဲ့တယ်
လီအခန်းထဲရောက်တာနဲ့ချယ့်ကိုခေါ်ပြီးမုန့်သွားဝယ်ရတယ်။

"ချယ်.....ငါနဲ့ခဏလောက်လိုက်ခဲ့ပါလား"

"ဘယ်လဲ"

"မုန့်ဆိုင်"

"အမယ်..ကြားသားမိုးကြိုး...အရင်ကငါခေါ်မှလိုက်တဲ့ကောင်ကအခုငါ့ကိုမုန့်ဆိုင်သွားဖို့ခေါ်တယ်ဆိုတော့"

"ဟျောင့်...အပိုတွေမပြောနဲ့လိုက်မှာလားမလိုက်ဘူးလား"

"လိုက်ခဲ့ပါ့မယ်ကွာ...မင်းကမနက်စာမစားခဲ့လို့လား"

"စားခဲ့တယ်..မမကမုန့်ဝယ်ပြီးလာပို့ပေးပါဆိုလို့"

"အဲ့ဒါများအစော​ကတည်းကမပြောဘူး
မြန်မြန်သွားမယ် "

"ဘာဖြစ်လို့လဲဟ"

"ငါလည်းငါ့မမအတွက်မုန့်ဝယ်ပေးသွားပြီးလမ်းဖောက်ရဦးမယ်လေကွာ"

"နှာဘူး"

"နှာဘူးတော့နှာဘူးဘဲ....ငါ့မမတယောက်ထဲကိုဘဲဘူးတဲ့နှာဘူး😁😁"

"ဟားဟား😂😂"

ဒီလိုနဲ့လီတို့လည်းမုန့်တွေဝယ်ပြီးမမတို့အခန်းကိုလာခဲ့ကြတယ်။

part-6
comming soon
ကျနော်နေမကောင်းလို့ပါ
နည်းနည်းတိုသွားတယ်ဗျ
တောင်းပန်ပါတယ်နော်
နေပြန်ကောင်းတဲ့အခါကျရင်သေချာလေးရေးပေးပါ့မယ်🙏🙏🙏

ချစ်ရပါသော မမWhere stories live. Discover now