Part-21

1.8K 72 13
                                    

"မမ စိတ်ဆိုးပြေပါတော့ကွာ လီလီနဲ့သူနဲ့ကဘာမှမဟုတ်ပါဘူး"

"လီလီကသာဘာမှမဟုတ်ဘူးပြောနေတာ
သူလီလီကိုကြည့်နေတဲ့မျက်လုံးတွေက မရိုးသားဘူး"

"သူ မရိုးသားလဲလီလီကရိုးသားတယ်လေ
မမ မကြိုက်ရင်နောက်သူနဲ့မပြောတော့ဘူးလေ"

"လီလီ မမ သဝန်တိုတတ်တာသိတယ်မလား"

"သိပါတယ် မမရဲ့ နောက်ဆိုလီလီသူနဲ့မပတ်သတ်မိအောင်ရှောင်မယ်လေ နော်"

"ပြီးရော"

"အဲ့တာကြောင့်ချစ်တာ  မမကို😘😘😘"

"တော်ပါ အခုမှ "

"လီလီကလေမမကိုပဲချစ်တာ မမကိုပဲလက်ထပ်မှာ မမနဲ့ပဲကလေးတွေအများကြီးနဲ့မိသားစုလေးတည်ဆောက်မှာ😁😁"

"အောင်မယ် ဘယ်သူကမွေးပေးမယ်ပြောလို့လဲ"

"မမွေးပေးလို့မရဘူးလေ မွေးရမှာ"

"အဲ့လောက်လိုချင်နေရင်ကိုယ့်ဟာကိုမွေးလေ"

"ဟာ လီလီမှမွေးလို့မရတာ မမပဲမွေးလို့ရမှာလေ နော် မွေးပေးပါနော် နော်လို့ မမ😚😚😚"

"အင်းအင်း "

"ရေး အဲ့တာကြောင့်မမကိုချစ်တာ"

"လီလီ အလုပ်တွေကောအဆင်ပြေရဲ့လား"

"ပြေပါတယ် မမရဲ့"

"မမ company မှာပဲလာလုပ်ပါလား လီလီ"

"မမ ကလည်း နောက်လည်းပေါင်းရမှာပဲကို"
(Company ကိုပြောတာနော် လျှောက်မတွေးနဲ့😁😁)

"ပေါင်းတာတော့ပေါင်းရမှာပေါ့ အခုကြတော့လွမ်းလို့မျက်နှာလေးတွေ့ချင်ရင်တောင် လာတွေ့လို့မရတဲ့အဖြစ်"

"လီလီလာတွေ့မှာပေါ့"

"ကောင်းပါပြီရှင် အလုပ်ကိုသေချာလုပ်နော်
ရှုပ်ရှုပ်ယှက်ယှက်တွေမကြားချင်ဘူး"

"ဟုတ်ကဲ့ပါ"

မမ စိုးရိမ်နေတာကိုသိပါတယ်။ဟိုနေ့ကsomiကလမ်းကြုံလို့ဆိုပြီး company ကိုဝင်လာတာ၊နေ့လည်စာအတူတူစားရအောင်လို့ပြောတော့ ကျနော်လည်းအားနာလို့မငြင်းလိုက်မိဘူး၊somi က ကျနော့်လက်ကိုချိတ်ပြီးစားသောက်ဆိုင်ထဲဝင်တော့မမကလည်းလုပ်ငန်းရှင်တစ်ဦးနဲ့နေ့လည်စာစားနေတာ
တည့်တိုးတော့တာပဲ ၊မမဘယ်လောက်တောင်ဒေါသထွက်လဲမသိဘူး မျက်နှာဆိုနီရဲနေတာပဲ ၊ချော့လိုက်ရတာ အခုမှစိတ်ဆိုးပြေတော့တယ်။

....................

"မ"

"အင်း"

"မ လို့"

"ပြောလေ"

"မ မောင့်မျက်နှာကိုကြည့်ကွာ"

"ကဲ ကြည့်ပြီးပြီ ပြောတော့"

"မောင် မနဲ့အတူတူနေချင်ပြီကွာ"

"အင်း"

"မကကွာ ပေးအဲ့စာအုပ်"

"မောင်ကလည်း မ နားထောင်နေတယ်လေ"

"အဲ့ဆိုမောင်ခုနကဘာပြောလဲ"

"ဘာမှမပြောရသေးဘူးလေ"

"တွေ့လား ပြောတော့နားထောင်တယ်ဆို"

"😁😁 တောင်းပန်ပါတယ် ပြန်ပြောလေနော်"

"မနဲ့အတူတူနေချင်ပြီ"

"နေရမှာပါ မ ပြောတော့မှာ မိဘတွေကို"

"တကယ်လား "

"အင်းလေ "

"အဲ့တာကြောင့်ချစ်တာ အာဘွား😘😘😘😘"

"ဟုတ်ပါပြီရှင် "

..........

ချစ်ရပါသော မမWhere stories live. Discover now