ချယ် လီဆာကိုသွားခေါ်ပြီးမနက်စာလိုက်ကျွေးခိုင်းနေတုန်း မ ဖုန်းဆက်လို့ ဗိုက်ဝအောင်တောင်မစားပဲပြေးထွက်လာခဲ့တယ်။
မ ကဖုန်းထဲမှာအဖြေပေးမို့ ပန်းခြံကိုလာခဲ့ပါတဲ့။တော်သေးတာပေါ့ ချယ်တို့ထိုင်တဲ့စားသောက်ဆိုင်နဲ့ပန်းခြံကနီးနေလို့ မဟုတ်ရင်ပြေးသွားရတာနဲ့ခုနကစားလာတဲ့အစာလေးကြေသွားမှပြဿာနာတက်မှာ၊ချယ်ကဗိုက်ဆာနေရင်ဘယ်လောက်အရေးကြီးကြီးနောက်မှလုပ်တော့တာ။အပြေးတပိုင်းလာခဲ့ရပေမဲ့သူမ ကတော့ရောက်မလာသေး။အဲ့ဒါနဲ့ချယ်လည်းအမောပြေရေလေးသောက်ရအောင် ပန်းခြံရဲ့အနီးနားကဆိုင်တဆိုင်မှာရေဗူးတဗူးသွားဝယ်လိုက်တယ်။ချယ်ရေဝယ်ပြီးပြန်လာတော့ သူမ ရောက်နေပြီ။*လှလိုက်တာ မရယ်၊အနောက်ကကြည့်တာတောင် မရဲ့အလှကကျက်သရေရှိတယ်။
ရေသောက်တာတောင်အဲ့လောက်အမောမပြေဘူး၊မ ကိုတွေ့လိုက်တော့အမောတွေအားလုံးပြေပြီးလူကတက်ကြွလာတယ်*"မ စောင့်နေတာကြာပြီလားဟင်"
"အခုမှရောက်တာ"
"မ ကျွန်တော်ကိုအဖြေပေးမလို့ဆို"
"ဟုတ်တယ်လေ မလိုချင်လို့လား"
"ဟာ.....ဘယ်လိုတောင်ပြောလိုက်တာလဲ
လိုချင်တာကြာလှနေပြီ""သေချာတယ်ပေါ့ လိုချင်တာ"
"အင်း......လိုချင်တယ် ပေးပါတော့နော်😍😍"
"မင်းမျှော်လင့်နေတဲ့အဖြေမဟုတ်ရင်ရော"
မ ရဲ့စကားကိုကြားပြီးတက်ကြွနေတဲ့စိတ်တွေတောင်ဘယ်ရောက်သွားမှန်းမသိဘူး။
ဒါပေမဲ့လည်း မ ပျော်မယ်ဆိုအသဲကွဲရုံမကလို့အသတ်ပါပေးရမယ်ဆိုရင်တောင်ပေးမှာမို့
မ ဘက်ကဘာအဖြေပဲပေးပေးချယ် ကျေကျေနပ်နပ်ကြီးလက်ခံမှာပါ။"ချယ်မျှော်လင့်ထားတဲ့အဖြေဟုတ်ဟုတ် မဟုတ်ဟုတ် မ ပေးတာပဲလေ၊မ ပေးတဲ့အဖြေကချယ်အတွက်ပျော်ရွှင်စရာကောင်းကောင်းမကောင်းကောင်း မ ရဲ့အဖြေကိုလက်ခံရမှာပေါ့၊အချစ်ဆိုတာအတင်းလုပ်ယူလို့မှမရတာ နှလုံးသားကိုလည်းဟိုလူ့ကိုချစ် ဒီလူ့ကိုချစ်ဆိုပြီးပြောလို့မှမရတာ
သူချစ်တဲ့လူနဲ့တွေ့မှအခုန်မြန်တာလေ မဟုတ်ဘူးလား"