part-4

1.1K 84 3
                                    

ညနေကျောင်းဆင်းချိန်ရောက်တော့လည်း
ဘေးနားကလောရှည်ကောင်ကရီနေတာကိုမရပ်ဘူး။အတန်းထဲကဟာတွေကလဲချယ့်ကိုကြည့်ပြီးပြုံးစိပြုးစိနဲ့မျက်နှာပိုးကိုမသေကြဘူး။

"ဟျောင့်  မင်းရီနေရင်လည်းသေသွားဦးမယ်"

"haha.. haha. ..မသေပါဘူးကွာ😁😁"

"ဖြီးပြမနေနဲ့.......ငါနွားပွဲစားမဟုတ်ဘူး"

"မဟုတ်ဘူးကွ....ဒီလိုမှန်းသိ​မင်းကိုဓာတ်ပုံလေးတပုံလောက်ရိုက်ထားပါတယ်..အိမ်ရောက်ရင်ကြွက်ခြောက်ရအောင်"

"မင်းကြီးတော်ကြီးကိုကြွက်ခြောက်ပါလား
လုပ်ထားအုံးပေါ့ကွာ....မင်းအလှည့်ကျတွေ့ကြသေးတာပေါ့"

"ဒါနဲ့မင်းကဘာတွေတွေးနေလို့ပြုံးနေတာလဲ"

"ငါ့မမအကြောင်းပါကွာ"

"မင်းကတော့သွားပြီ....ဆေးမမှီတော့ဘူး"

"မင်းကျတော့ရော"

"ဟျောင့် ငါကမင်းထက်တော့သာပါတယ်ကွာ...တစ်အိမ်ထဲအတူတူနေရတာ စကားလည်းပြောရတယ်"

"ပြောအားရှိတော့ပြောထားဦးပေါ့ကွာ"

,. ........................

လီလီလည်းချယ့်ကိုနှုတ်ဆက်ပြီးကျောင်းပေါက်ဝသို့ထွက်လာခဲ့တယ်။ကျောင်းရှေ့ရောက်တော့တွေ့ပါပြီမမကို၊ကားမလာသေးလို့ရပ်စောင့်နေတာ၊တနေ့လုံးကျောင်းမှာစာတွေနဲ့လုံးပန်းပြီးလူကနွမ်းနေတာတောင်မမကိုတွေ့တော့ချက်ချင်းလန်းဆန်းသွားတယ်။
လီလီလည်းမမဘေးနားသို့အမြန်လေးပြေးသွားလိုက်သည်။

"မမ"

"Wae"

"စောင့်နေတာကြာသွားပြီလား...ဒီနေ့လည်းဟိုတနေ့ကလိုလာမကြိုနိုင်တော့ဘူးဆိုဘယ်လိုလုပ်မလည်း"

"taxi စီးပြန်မှာပေါ့..ဟိုနေ့ကလိုbusမစီးတော့ဘူး"

"ဟုတ်.အဲ့ဒါဆိုခဏဆက်စောင့်ကြည့်မယ်လေ...ကြာလို့မှမလာသေးရင်တော့ကိုယ်ဘာက်ိုပြန်ကြတာပေါ့"

ဂျိမ်းတို့စောင့်နေတုန်းလီ့အနားကိုကောင်မလေးတယောက်ရောက်လာပြီးလီ့ကိုစတော်ဘယ်ရီဘူးလေးလာပေးတယ်။ခေါ်တာကလည်းoppa. .oppaနဲ့အသံကလည်းချွဲပျစ်နေတာပဲ၊မုန်းဖို့ကောင်းလိုက်တာ။

ချစ်ရပါသော မမWhere stories live. Discover now