part-6

1.1K 83 2
                                    

ဒီနေ့ကဂျိမ်းတို့ရဲ့ကျောင်းနောက်ဆုံးနေ့
ဒီနေ့ပြီးရင်ဂျိမ်းတို့ကျောင်း ၄ လနားရမှာ

"ဂျိမ်း ငါတို့ကျောင်းနောက်ဆုံးရက်ဆိုတော့လျှောက်လည်ကြရအောင်.,"

sooမှပြောလာခြင်းဖြစ်သည်။ဂျိမ်းမှာသူငယ်ချင်းများများစားစားမရှိ sooနှင့်သာ
ငယ်ငယ်ကတည်းကပေါင်းလာသောကြောင့်ညီအမဘလိုဖြစ်နေကြ​​ခြင်းဖြစ်သည်။

"မနက်ဖြန်မှသွားရအောင်လေ"

"ဟာ...ဂျိမ်းကလည်းဒီနေ့သွားမယ်လေ
နောက်နေ့ဆိုထွက်ဖြစ်မှာမဟုတ်ဘူး"

"ငါဒီနေ့ပင်ပန်းနေလို့ပါ....မနက်ဖြန်ကြရင်နင်ငါ့အိမ်လာခဲ့လေနော်"

"သေချာတယ်နော်...မနက်ဖြန်တကယ်သွားမှာ နောက်ပြီးမှငါ့အဖေမသွားခိုင်းတာတွေဘာတွေမလုပ်နဲ့"

"အေးပါ...မနက်ဖြန်ကျရင်တကယ်သွားမယ်"

"အင်း...အဲ့ဆိုသွားမယ်လေ နင့်ကိုလာကြိုနေပြီလားမသိဘူး"

"အင်း...သွားမယ်"

...................

ဒီနေ့လီတို့ရဲ့ကျောင်းနောက်ဆုံးနေ့
ချယ်တို့ကလျှောက်လည်ဖို့အတင်းခေါ်နေကြတယ်။လီ မလိုက်သွားချင်ဘူး။
လျှောက်လည်မဲ့ထဲမှာsomiကောပါတယ်လေ၊မမတွေ့သွားရင်ရိုက်ခံရမှာ။
ချယ်ကိုပဲရအောင်ပြောပြီးနောက်ရက်မှသွားဖို့ပြောခိုင်းရမယ်။

"ချယ်  နောက်ရက်မှသွားရအောင်လေကွာ"
(လေသံတိုးတိုးဖြင့်)

"ဘာဖြစ်လို့လဲဟ....သူငယ်ချင်းတွေကိုပြောထားပြီးပြီလေ"

""မင်းကလည်းကွာ....ငါ့မမသိရင်အရိုက်ခံရမှာ"

"မင်းမမကလည်းမင်းကိုလည်းမကြိုက်ဘဲနဲ့
ဘာဖြစ်လို့အဲ့လောက်လိုက်ချုပ်ချယ်နေတာလဲကွာ"

"မသိဘူးလေကွာ.....လုပ်ပါ ဝိုင်းပြောပေးပါကွာ၊မင်းကျေးဇူးကိုမမေ့ပါဘူးကွာနော်"

"ပြီးရောကွာ....နောက်နေ့ကျရင်တော့
သူငယ်ချင်းတွေမပါရင်တောင်ငါ့ကိုတဝိုင်းလိုက်ကျွေးနော်"

"အေးပါကွာ...... မင်းကြိုက်တဲ့ဆိုင်မှာစားကွာနော်"

"အေး"

ချစ်ရပါသော မမWhere stories live. Discover now