part-17

1.1K 74 5
                                    

1 years later...........

"လီလီရေ မပြီးသေးဘူးလား"

"ပြီးပြီ မမ လာပြီ..လာပြီ"

လှမ်းခေါ်လိုက်လို့အပေါ်ထပ်ကနေပြေဆင်းလာတဲ့လီလီလေးကိုငေးကြည့်နေမိတာတမေ့တမော။

*ခန့်ညားလိုက်တာ လီလီရယ် ရှင်တို့တွေကျွန်မပြောရင်ယုံမှာမဟုတ်ဘူး ၊ကျွန်မရဲ့လီလီလေးက ပိုပိုပြီးခန့်ညားလာတယ်
ဒီနေ့ကလီလီလောဘွဲ့ယူမယ့်နေ့လေ
ဒါကြောင်မို့ပြင်နေကြတာ*

"မမ ဘာတွေငေးနေတာလဲ"

"မမ... မမေရ"

"ဟမ်...အော်....အင်း....အင်း"

"ဘာတွေတွေးနေတာလဲ မမရဲ့၊ခေါ်နေတာကြာလှပြီ"

"လီလီလေးကပိုခန့်ညားလာလို့လေ"

"ပိုပြီ မမကေတာ့"

"ကဲ သွားကြမယ် ပြီးပြီလား"

"ပြီးပါပြီ မမရဲ့"

"မပြောချင်ဘူးနော် ကျောင်းမှာနောက်တယောက်တွေ့နေလို့ ဒီလောက်ထိပြင်နေတာလား"

"မဟုတ်ပါဘူး မမ ရယ်။လီလီမှာ မမ တယောက်လုံးရှိနေတာကို ဘာလို့တခြားသူရှာရမှာလဲ"

"ဟုတ်ပါပြီ အပြောကောင်းလို့လွှတ်ပေးလိုက်မယ်"

"ဟုတ်ကဲ့ပါခင်ဗျ "

လီလီအပေါ်ထပ်ကနေဆင်းလာတော့ မမ ကငေးကြည့်နေတယ်။လှလိုက်တာဆိုတာလေ
ပြောရင်ယုံကြမှာမဟုတ်ဘူး မမ ကလူကြီးဆန်ဆန်ဝတ်စုံလေးနဲ့ကြည့်ကောင်းနေလိုက်တာ။

"ဟော်....သွားကြတော့မလို့လား သားနဲ့သမီး"

"ဟုတ် ဖေဖေ"

"အေးအေး....ဖြေဖြေသွားကြနော်"

"ဟုတ် ဖေဖေ ဒါဆိုသမီးတို့သွားပြီနော်"

ဖေဖေ ကမနှစ်ကခရီးကပြန်လာတဲ့လမ်းမှာ ကား အက်စီးဒန့် ဖြစ်ပြီးအောက်ပိုင်းသေသွားတာကြောင့်အခု company ကိုဂျိမ်းကဦးစီးနေရတယ်လေ။ဂျိမ်းကတော့လီလီကိုဦးစီးစေချင်ပေမဲ့လီဆာကသူ့လုပ်အားနဲ့ပဲသူ့ကိုယ်ပိုင်companyဖွင့်ချင်တာတဲ့။

"မမ..... မမ"

"သြော်...ပြောလေ လီလီ"

"လီလီတို့အခမ်းအနားပြီးရင် လျှောက်လည်ကြရအောင်လေ"

"အင်း....မလည်တာကြာပြီဆိုတော့လည်ကြတာပေါ့"


.....................

ချစ်ရပါသော မမWhere stories live. Discover now