part-15

1.2K 77 6
                                    

1 လကြာပြီးနောက်..............

ဒီနေ့ဂျိမ်းတို့uniတွေပြန်ဖွင့်ပြီ။ဒီကြားထဲမှာ
လီဆာရဲ့အချစ်တွေကိုသေသေချာချာခံစားမိတယ်။ဖေဖေကလည်းခွင့်ပြုထားတယ်ဆိုတော့ဂျိမ်းတို့အတွက်ကလွတ်လွတ်လပ်လပ်ပါပဲ။
ကျောင်းပြီးလို့အလုပ်တွေအတည်တကျဖြစ်သွားမှလက်ထပ်ကြမယ်လို့စိတ်ကူးထားတယ်။ဂျိမ်းကတော့ကျောင်းပြီးရင်ဖေဖေ
company မှာပဲဝင်လုပ်မယ်လို့စိတ်ကူးထားတယ်။လီဆာကသူကတိပေးထားတဲ့အတိုင်း
ဂျိမ်းကိုစိတ်ချမ်းသာအောင်အမြဲတမ်းထားတယ်။

..ဒေါက်....ဒေါက်....ဒေါက်....

"မမရေ ပြီးပြီလား မနက်စာစားရအောင်လေ"

"ပြီးပြီ လီလီ ဆင်းနှင့်နော် မမအနောက်ကလိုက်လာခဲ့မယ်"

"ဟုတ်"

................ .... ........

"ဖေဖေရော"

"အန်ကယ်ကအစောကြီးကတည်းကရုံးသွားပြီတဲ့"

"ဟုတ်လား အရေးကြီးလို့နေမှာ"

"အင်း ဟုတ်လောက်တယ် ရော့....ဒါလေးစားကောင်းတယ်"

"ကိုယ့်ဘာသာထည့်စားပါ"

"ထည့်ပေးချင်တာပါဆို"

"ဟုတ်ပါပြီရှင် မမပန်းကန်ထဲလည်းထည့်
လီလီပန်းကန်ထဲလည်းထည့်စား"

"ဟုတ်😁😁"

...................................

ဒီနေ့ချယ်တို့uniတွေပြန်ဖွင့်ပြီလေ။မနက်စောစောထ ရေမိုးချိုးပြီးအိမ်ကထွက်လာလိုက်တယ်။

.တီ......တီ.....တီ(ဖုန်းမြည်သံ)

"ဟယ်လို"

"ဟယ်လို မ မောင်အိမ်ရှေ့ရောက်နေပြီနော်"

"အင်း ထွက်လာခဲ့မယ်နော်"

"ဟုတ် ချစ်တယ်နော် မ"

"မ လည်းချစ်တယ် ဒါပဲနော်"

"ဟုတ်"

ချယ်ကကျွန်မအပေါ်မှာကောင်းပါတယ်။သူကအငယ်ဆိုပေမဲ့ကျမဆိုးသမျှကိုသည်းခံတယ်။

"မေမေ သမီးသွားပြီနော်"

"မနက်စာစားသွားဦးလေ"

ချစ်ရပါသော မမWhere stories live. Discover now