ပြတင်းပေါက်မှတဆင့်တိုးဝင်လာတဲ့နေရောင်ခြည်တို့ကြောင့်ဂျိမ်းတယောက်နိုးလာခဲ့သည်။
"ဝါး....အိပ်လို့ကောင်းလိုက်တာ "
ဂျိမ်းလည်းကိုယ်လက်သန့်စင်ပြီးမနက်စာစားဖို့အောက်ထပ်ကိုဆင်းလာခဲ့တယ်။
"ကြီးကြီး.....ဘာတွေလုပ်ထားလဲ"
"ဒီနေ့သမီးအကြိုက်ဆူရှီလုပ်ထားတယ်"
"ဝါး........ဝိတ်တွေတက်လာတော့မှာပဲ "
"ပြင်လိုက်ရတော့မလားသမီးလေး "
"ဟုတ် "
ဂျိမ်းစားသောက်ပြီးတာတောင်လီဆာကဆင်းမလားသေး။ခါတိုင်းဆိုဂျိမ်းထက်အစောငြီးထပြီးကြီးကြီးကိုကူလုပ်နေကြ
ဒီနေ့ကျမှအခုချိန်ထိဘာလို့ဆင်းမလာသေးတာလဲ နေများမကောင်းလို့လား
ဂျိမ်းလည်းစဥ်းစားမရတော့တဲ့အဆုံးကြီးကြီးကိုသာအေးလိုက်တော့သည်။"ကြီးကြီး.....လီဆာကော အခုထိမထသေးဘူးလား"
"လီလီလေးလား.....လီလီလေးကမနက်အစောကြီးကတည်းကသူ့သူငယ်ချင်းတွေလာခေါ်လို့လိုက်သွားပြီ"
"ဟင်.... သမီးလည်းမသိရပါလား"
"သမီးလေးကနိုးမှမနိုးသေးတာ "
"သမီးနိုးတဲ့ထိတောင်မစောင့်နိုင်ရအောင်ဘာတွေအရေးကြီးနေလို့မှန်းမှမသိတာ"
"လီလီလေးကပြောသွားမလို့ပဲ.....နောက်ပြီးမှသမီးလေးအိပ်ရေးပျက်မှာဆိုးလို့တဲ့ ကြီးကြီးကိုပဲပြောခိုင်းခဲ့တာ"
"သြော်...ဟုတ်😁😁"
ကြီးကြီးရှေ့မှာမလို့သာအဆင်ပြေသလိုလုပ်ပြနေပေမဲ့ဂျိမ်းစိတ်ထဲမှာတော့အတွေးပေါင်းသောင်းခြောက်ထောင်။
*သူသူ့ငယ်ချင်းတွေလာခေါ်တာဆိုတော့
ဟိုကောင်မလေးကောပါတယ်ထင်တယ်
ငါနိုးတဲ့အထိတောင်မစောင့်နိုင်ရလောက်အောင်ဘာတွေအရေးကြီးနေလို့လဲ
တွေ့အုံးမယ်...ရည်းစားဖြစ်မှနောက်ထပ်မလုပ်အောင်မှတ်လောက်ကိုရစ်ပြစ်လိုက်အုံးမယ်*