part-11

1.1K 90 2
                                    

လီဆာ အိမ်ထဲဝင်တော့အရင်ဆုံးတွေ့လိုက်ရတာက မမ။ မမ မျက်နှာကြီးကဒေါသထွက်နေတဲ့ပုံပဲ၊နီရဲနေတာပဲမျက်နှာကြီးက တရှုးရှုးတရှဲရှဲနဲ့လီလီကိုဝါးစားတော့မယ့်ပုံကြီး။

"မ....မမ"

"တော်တော်ပျော်နေတယ်ပေါ့......LaLisa "

"ဟမ်......မ...မဟုတ်ပါဘူး "

မမ မျက်နှာကိုတွေ့ပြီးကထဲကလီလီမှာအယောင်ယောင်အမှားမှား။

"မင်းကိုမိန်းကလေးတွေနဲ့ပတ်သတ်တာမကြိုက်ဘူးလို့ငါပြောထားတယ်မလား"

"ပြော...ပြောထားပါတယ်"

"ဒါဆိုဘာလို့သူနဲ့အတူတူပြန်လာတာလဲ
မနက်အစောကြီးကတည်းကတွေ့ဖို့သွားကျတာဆိုတော့တော်တော်ဖြစ်နေကြတာလား"

"မ...မဟုတ်ပါဘူး  လီလီ ကကိုယ့်ဟာကိုပြန်လာတာ"

"ဒါဆိုသူကဘာလို့ပါလာတာလဲ"

"လီလီရှင်းပြပါ့မယ် "

"တော်တော်......ဘာမှမရှင်းပြနဲ့....အပေါ်ထပ်ကိုတက်တော့"

"ဒါပေမဲ့ မမ....လီလီကလေ"

"မင်းကိုအပေါ်တက်တော့လို့ပြောနေတယ်မလား"

"ဟုတ်......ဟုတ်ကဲ့ "

*သွားပြီ.. သွားပြီ လီလီကတော့အရိုက်ခံရတော့မယ်၊ရှင်းပြတာလည်းနားမထောင်
သူ့စိတ်ကြီးပဲ လူပုစိတ်တိိုဆိုတာဒါမျိုးကိုပြောတာနေမှာ မထူးတော့ပါဘူး လီလီအခန်းထဲရောက်တာနဲ့မမကိုအတင်းဖက်ပစ်လိုက်မယ်၊လီလီကိုကြိုက်နေလို့တခြားကောင်မလေးတွေနဲ့မပေါင်းခိုင်းတာလားလို့
တခါတည်းမေးမယ် ပြီးတော့ မမကိုချစ်နေတဲ့အကြောင်းတွေကောတခါတည်းပြောပစ်လိုက်မယ် ရိုက်ခံရတော့လည်းတခါတည်းပေါင်းပြီးရိုက်ခံလိုက်တာပေါ့*

........................................

At another side

"မ"

"ရှင်"

"ချစ်လား"

"မောင်နော်.....ဒါပဲခဏခဏမေးနေတယ်"

"ကြားချင်လို့ပါ မရဲ့"

"မပြောတော့ဘူးနော် "

"ဟာ...မ ကလည်း"

"ဟာတွေဘာတွေလုပ်မနေနဲ့ အခုမှအဖြေပေးထားတာကို အခုပြန်ပြတ်ချင်နေပြီလား"

ချစ်ရပါသော မမWhere stories live. Discover now