Part-1

37.8K 2K 132
                                    

" ရှောင်းကျန့် တကယ်စိတ်ကူးမပြောင်းတော့ဘူးလား "

" အင်း "

မင်ယွီက ဘယ်လိုမှပြောမရတဲ့ ရှောင်းကျန့်ကိုကြည့်ကာ အားမလိုအားမရနဲ့ သက်ပြင်းချတယ် ။ တကယ်တော့ ဒီညမှာသူတို့ကျောင်းတုန်းကသူငယ်ချင်းတွေ ပြန်လည်တွေ့ဆုံတဲ့ပါတီပွဲလေးရှိတယ် ။ အဲ့ဒီ့ကို
မင်ယွီကလိုက်ခဲ့ဖို့ခေါ်နေတာပါ ။ ဒါပေမဲ့ ခေါင်းမာလွန်းတဲ့ရှောင်းကျန့်က လုံးဝငြင်းလွှတ်နေတယ်လေ ။

"  အိမ်မှာတစ်ယောက်တည်းနေမဲ့အစား သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေတွေ့ပြီးအပန်းဖြေတာ မကောင်းဘူးလား ရှောင်းကျန့်ရာ ၊ ငါတို့အသက်တွေလဲငယ်တော့တာမှမဟုတ်တာ မင်းလဲအထီးကျန်တယ်မဟုတ်လား "

ရှောင်းကျန့်က မင်ယွီကိုလှည့်ကြည့်လာတယ် ။ ထို့ကြောင့် မင်ယွီကအားတက်သရောလေး ဆက်ပြောလာတယ် ။

"  ဒီညမှာ ထုံးစံအတိုင်း သူငယ်ချင်းတွေထဲက အဆင်ပြေတဲ့သူနဲ့ ဒိတ်ကြည့်လို့ရတာပဲလေ ဟုတ်လား ၊ ဘဝအပျော်လေးရှာပါဦး "

ရှောင်းကျန့်ကတစ်ချက်စဉ်းစားသလိုပြုသည် ။ သူ့အသက်က နောက်နှစ်လနေရင် ၃၀ပြည့်တော့မယ် ။ သူအထီးကျန်တာ မှန်ပါတယ် ။ တစ်ခါတစ်လေ ချစ်ရမဲ့သူတစ်ယောက်လောက်ရှိစေချင်တယ် ။ သူလည်းပဲအချစ်ခံကြည့်ချင်တယ် ။

"  ညနေ ဘယ်အချိန်လဲ "

သူ့အမေးစကားမှာ မင်ယွီမှာ မျက်နှာတစ်ခုလုံးပြုံးလာခဲ့ပြီး ဒါမှရှောင်းကျန့်ကွဆိုတဲ့ပုံစံနဲ့ မြူးထူးသွားခဲ့တယ် ။

"  ၆နာရီ ၊ မင်းတစ်ယောက်တည်းလာဖို့အဆင်ပြေလား
ငါတို့ကျောင်းထိပ်နားက စားသောက်ဆိုင်ပဲ အပေါ်ထပ်နော် ၊ ရောက်ရင်ဖုန်းဆက်လိုက်လေ "

အချိန်းအချက်ပြုပြီးနောက်မှာ မင်ယွီကပြန်သွားခဲ့တယ် ။ ရှောင်းကျန့်ကတော့ တစ်ကိုယ်တည်းအတွေးလေးများရင်း ညနေအတွက် တစ်စုံတစ်ရာအဆင်ပြေဖို့ကို ရင်ခုန်နေခဲ့ပါတယ် ။

••••••••••••••

ရှောင်းကျန့်ရောက်တော့ ၆နာရီ ၂၅မိနစ်ရှိပြီဖြစ်သည် ။ သူမင်ယွီကိုဖုန်းဆက်လိုက်တော့ မင်ယွီက လှေကားထိပ်ထိလာစောင့်ခေါ်ပေးတယ် ။ ပါတီလုပ်တဲ့ခေါင်မိုးထိပ်ရောက်တော့ လူအတော်တောင်စုံနေပြီဖြစ်တယ် ။ သူရောက်လာတော့ ဝိုင်းနှုတ်ဆက်ကြရင်း တစ်ခဏအတွင်းဆူညံသွားတော့တယ် ။

𝐌𝐞𝐞𝐭 𝐲𝐨𝐮 𝐢𝐧 29 [ Completed ]Tempat cerita menjadi hidup. Temukan sekarang