Unicode
"ယွန်းဂီ..."
အိမ်ကစထွက်ကထဲကကြားလိုက်ရတဲ့အသံသြသြကြောင့်
သက်ပျင်းကိုခပ်ပြင်းပြင်းလေးချလိုက်ရသည် မပက်သက်
ချင်လို့ရှောင်နေတာကိုအတင်းလိုက်ကပ်နေသည့်ကောင်ကလေးကြောင့်
စိတ်မှာလည်းတော်တော်ဒေါသထွက်လာရသည်ဇွဲကောင်းလွန်းတယ့်သူက၆လတိတိတစ်ရက်လေးမှတောင်မပျက်ပဲ
ကျောင်းကြိုကျောင်းပို့အမြဲလုပ်တတ်သည်
မလာပါနဲ့ လို့နှင်ရင်လည်း နှင်ရပါ့မလားဆိုပြီးကလေး
တစ်ယောက်လိုငိုတတ်ပြန်သေးသည်မကောင်းလွန်းတယ့်သူ့သတင်းတွေကြောင့်သူ့ကို
ပြန်မကြိုက်သည်မှာဆိုရင်မှန်လေမလား...
ကျွန်တော်စုံစမ်းရသလောက်ကတော့ကောင်ကလေးသည်
ဆိုးသည်...ပေသည်...ရိုင်းသည်...clubတွေလည်းသွားတတ်သည်...ရည်းစားတွေလည်းအထည်တလဲတွဲတတ်သည်...ချမ်းသာသည့်အတိုင်းစရိုက်ပျက်နေတယ့်ထိုကောင်လေးအား
အမြင်မကြည်သည်မှာကြာလှပြီ...
မဆီမဆိုင် ကျွန်တော်တို့နှစ်ယောက်ကိုမိတ်ဆက်ပေးခဲ့သည့် ဆော့ဂျင်းဆိုတယ့်ကောင်ကိုပဲ
ဒေါသထွက်ရတော့မည်...။"ယွန်းဂီရယ်...ကျွန်တော်ခေါ်နေတယ်လေ"
"ကြားတယ်"
"ဟာ ကြားရင်ပြန်ထူးလေ"
"မင်းခေါ်တိုင်းထူးရအောင် မင်းက ငါ့အမေမို့လို့လား"
"ယွန်းဂီကလည်းဗျာ...ကျွန်တော့်ဆိုအဲ့အတိုင်းပဲ
အကောင်းလေးပဲဖြစ်ဖြစ် ပိစိသေးသေးလောက်လေးပဲ
မြင်ပေးလို့မရဘူးလား ဟင်...""အကောင်းမြင်ရအောင် မင်းဘယ်လောက်ကောင်းနေလို့လဲ ပြောစမ်းပါဦး"
"သြော်...ယွန်းဂီရယ်...
ယွန်းဂီကသာလေ လူတိုင်းကိုချစ်တတ်တဲ့မျက်လုံးလေး
တွေနဲ့သာကြည့်တတ်မယ်ဆိုရင်လူတိုင်းကကောင်းနေပြီသား..သိလား"အံမယ်...ပြောလည်းပြောတတ်ပါ့
လူကသာဘာမှမဟုတ်တာပြောလိုက်ရင်လေကြီးမိုးကြီး...."တော်ပြီကွာ ကျောင်းနောက်ကျပြီဖယ်"
"ဖယ်ဘူး...ဖယ်ဘူး.... ဖယ်ပေးဘူး...."
YOU ARE READING
🚨Lovely Boyfriend🚨#Complected#(Taegi)
Fanfictionကျွန်ေတာ့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်.... ကျွန်တော့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်....