6🔞🔞

4.8K 210 19
                                    

Unicode

"တောက်ခ်...!"

မှောင်မဲနေသောအခန်းတစ်ခုဆီမှာကျယ်လောင်သော အာခေါက်သံတစ်ခု...၊မျက်နှာတစ်ခုလုံးလည်းနီရဲနေပြီး ​ေဒါသထွက်မှုတွေဟာထိန်းချုပ်မရ။ည၉နာရီအထိအိမ်ပြန်မလာသေးသည့် သူအား ဘယ်မှာသွားပြီးရှာဖွေရမှာပါလဲ ၊ဖုန်းဆက်တော့လည်းမကိုင် စာပို့တော့လည်းမပြန် ၊ကျွန်တော်စိုးရိမ်နေတယ်ဆိုတာသူမိသိဘူးလား...။

ချစ်လွန်းလို့အလိုလိုက်ထားတာဆိုပေမဲ့ တစ်ခါမှ night outအကြာကြီးမထွက်ဘူးတယ့်ယွန်းဂီက အခုထိပြန်မလာသေးသောကြောင့် စိုးရိမ်လာရသည်။

သူ့သူယ်ချင်းတွေဆီဖုန်းဆက်ပြန်တော့လည်းမကိုင် ၊ နဂိုထဲကတန်ဖိုးထားရသူမို့ မကောင်းတယ့်ကောင်တွေကများတစ်ခုခုလုပ်လိုက်မှာကိုလည်းစိုးရိမ်ရသေး ၊ အကျင့်ပျက်နေသည့်ချစ်ရသူအား ဆုံးမပြန်တော့လည်းသူ့ထက်ငယ်သည့်ကျွန်တော့်စကားကို အလေးပင်မလုပ်၊အဖေဖြစ်သူကျပြန်တော့လည်းအချိန်ပြည့် ဟိုခပ်ချွဲချွဲအကောင် ဂျွန်ဂျောင်ကုဆီမှာပင်...။

ချက်...ချက်

နာရီလက်တံရှည်သည်တစ်ဖြည်းဖြည်းနဲ့ ၆ကိုရောက်နေလေပြီ အိမ်ထောင်သည်တစ်ဦးကအခုချိန်ထိအပြင်တွေလျှောက်လည်တာမျိုးကိုတော့ လုံးဝလက်သင့်မခံ ကျွန်တော်ပါရင်လည်းတစ်မျိုး။အခုကဘယ်သူဘယ်ဝါတွေနဲ့သွားမှန်းလည်းမသိ၊သူကကျွန်တော့်ကိုနိုင်တယ်ဆိုပြီးလုပ်ချင်တာလုပ်နေတာ..၊ဒီတစ်ခါတော့သည်းခံခြင်းမှာအဆုံးပင်ဖြစ်သည်။

တီ...တီ...တီ

ထိုစဥ်ခြံရှေ့က ကားသံတစ်ခုကြောင့်တံခါးနားဝသို့အပြေးသွားကြည့်မိသည်။အိမ်တစ်ခုလုံးကိုအမှောင်ချထားတာကြောင့် အပြင်ကလူကတော့ကောင်းကောင်းမမြင်နိုင် ဒါပေမဲ့ကျွန်တော်ကတော့ ယွန်းဂီကို လက်တစ်ဖက်မှအတင်းတွဲနေသည့် ကောင်ရဲ့ရုပ်အားအထဲမှသဲသဲကွဲကွဲကြီးကိုမြင်ရသည်...။

ဒါ့ကြောင့် တံခါးကိုအားကုန်ဖွင့်လိုက်ပြီးထိုသူနှစ်ယောက်နားသို့သွားကာ စပ်ဖြီးဖြီးဖြစ်နေသောကောင်ရဲ့ ရုပ်အား အားကုန်သုံးကာထိုးပစ်လိုက်သည်

🚨Lovely Boyfriend🚨#Complected#(Taegi)Where stories live. Discover now