Unicode+zawgyi
Unicode
"ကို.....ချစ်အဲ့တာစီးချင်တယ်"
"ချစ်ကလည်း ကလေးမှမဟုတ်တာ"
"ဟွန့်...ရဘူး စီးမှာပဲ နော်..."
ကလေးလိုဂျစ်တိုက်နေသော ချစ်သည်
အခုလည်းကလေးတွေစီးတဲ့
မြင်းရုပ်ကိုစီးချင်တာတဲ့....။မြင်းရုပ်ဆိုလို့ကျွန်တော်တို့အခုကစားကွင်းကိုရောက်နေတာရယ်...
တစ်ခါမှအပြင်ထွက်လည်ဖို့မခေါ်ဖူးတဲ့ချစ်ကလေ
မနက်ထဲကအစောကြီးထပြီးကစားကွင်း
ကိုလိုက်ပို့ခိုင်းနေတာ....ချစ်ရသူစကားတစ်ခွန်းကအရာရာဆိုတော့လည်း
ဘယ်ငြင်းနိုင်မလဲ...။သူဟာလိုက်ပို့ရပြန်ပြီပေါ့...မနက်၈နာရီထဲကထွက်လာတဲ့ခရီးကအခုနေ့လယ်၁၁နာရီတောင်ထိုးခါနီးပြီ...
အခုချိန်ထိဟိုဟာဆော့ချင်...ဒီဟာဆော့ချင်နဲ့...မပြီးသေးတဲ့
ချစ်ကြောင့် ဗိုက်ဟောင်းလောင်းလေးကလည်းတဂွီဂွီဲနဲ့လေ....."အဲ့တာဆိုလည်းကောင်းပြီချစ်...ဒီမြင်းရုပ်လေးစီးပြီးသွားရင်
နေ့လည်စာသွားစားကြရအောင်နော်""ဟုတ်... ကို...အဲ့တာကြောင့်ကို့ ကိုချစ်ကကျေးဇူးတင်နေရတာ 'မွ'.."
"ချစ်...!"
"ဟီး..."
သူကျွန်တော့်ကိုနမ်းလိုက်ပြန်ပြီ....တစ်နေကုန်ကို ကစားစရာတစ်ခုပြီးတိုင်းတစ်ကြိမ်နမ်းသည်...။သူလိုချင်တာဝယ်ပေးပြန်ရင်လည်း
တစ်ခါနမ်းပြန်သည်။ပြီးတော့သူနမ်းတဲ့နေရာကဘယ်နေရာလဲသိလား...
ပါးမဟုတ်ပဲ....နှုတ်ခမ်းလေးတဲ့
ခပ်ဖွဖွလေးဆိုပေမဲ့
သူဟာရင်ခုန်ရပြန်သည်။sexလုပ်တဲ့အချိန်ပေးတဲ့အနမ်းထက်
အခုလို အချိန်မျိုးမှာပေးတယ့်အနမ်းကိုကျွန်တော်ပိုပြီး
သဘာကျသည်...အနှောင်ဖွဲ့ကင်းပြီး သန့်ရှင်းသည်လေ...ပြီးတော့ ရမ္မက်မပါပြန်ဘူး...။
"ချစ်...သတိထားဦး"
မြင်းရုပ်လေးပေါ် အတင်းခွတက်နေတယ့်သူကြောင့်ပြုတ်ကျမှာစိုးပြီး
ကျွန်တော်အော်လိုက်တော့ ရပါတယ်ဆိုပြီး
အတင်းလက်ကာပြသူလေး....
YOU ARE READING
🚨Lovely Boyfriend🚨#Complected#(Taegi)
Fanfictionကျွန်ေတာ့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်.... ကျွန်တော့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်....