Unicode+zawgyi
Unicode
အကဲပိုလွန်းတာပဲလား....ဒါမှမဟုတ် တော်တော်လေးကို
အဖြစ်သည်းပြနေတာလား...
မျက်လုံးထဲမှာဘယ်လိုမှထောင့်မကျိုးတော့...။"ချစ်....ဖြေးဖြေးထိုင်"
"ချစ်....အဲ့တာမစားနဲ့စပ်တယ်"
"ချစ်....အားရှိအောင်နွားနို့လေးသောက်ရမယ်နော်"
"ချစ်....ခြေထောက်လေးတွေနာမယ်
ဘာမှမသွားဘဲ
ငြိမ်ငြိမ်ထိုင်...""ချစ်....ဒီမှာထိုင်..."
ဘုန်း...
အိမ်ရှေ့ခန်းမှအဖြစ်သည်းပြနေသည့်အသံတွေကြောင့်
နမ်ဂျွန်တစ်ယောက်ထမင်းအိုးကိုစားပွဲပေါ်သို့
ဆောင့်ချခဲ့ကာ
အိမ်ရှေ့ခန်းသို့ထွက်လာခဲ့လိုက်သည်...။"ကင်မ်ထယ်ယောင်း!မင်းအလုပ်မသွားဘူးလား...!"
"ဟာ....ဦးလေးကလည်း ဒီမှာချစ်က ကိုယ်ဝန်နဲ့ဟာကို...."
"ကိုယ်ဝန်နဲ့လည်းဘာဖြစ်လဲ..!ဘယ်နဲ့ အခုဟာက
ပိုကိုပိုလွန်းတယ်...ငါလည်း ကိုယ်ဝန်ဆောင်သည်မိခင်တစ်ဦးကို
ကိုယ်တိုင်စောင့်ရှောက်လာရတဲ့
အမျိုးသားပါ...အဲ့လောက်ကြီးတော့မပိုပါဘူး...""ဟာ....ဦးလေးကလည်း တူပါ့မလား ချစ်ကယောကျာ်းလေးလေ
မိန်းကလေးတွေလိုမှမဟုတ်တာ
...အစစအရာရာ
သွားတာလာတာတွေကိုဂရုစိုက်ပေးရမယ်...ပြီးတော့
ကိုယ်ဝန်ကနုသေးတော့ ကိုယ်ဖိရင်ဖိစောင့်ရှောက်သင့်တယ်မထင်ဘူး
လား..."စာရင်းနဲ့အင်းနဲ့သေချာရှင်းပြနေသည့်ထယ်ယောင်းစကားကြောင့်
နမ်ဂျွန်တစ်ယောက်လည်းအံကိုကြိတ်ရင်းမိဖိုချောင်ထဲ
ပြန်လာခဲ့ရတော့သည်....။နည်းနည်းလောက်မပြောလိုက်နဲ့.....တစ်ခွန်းမကျန်ပြန်ပြောတတ်သည့်
ဒီကောင့်ပါးစပ်ကြောင့်ဒေါသထွက်လည်း
ကိုယ့်ဘာသာကိုယ်လျှော့ရင်း စိတ်ဖြေ
လိုက်ရတော့သည်...။သားကကိုယ်ဝန်ကြီးနဲ့လေ....
"ကို..."
"ပြောလေချစ်...ဘာစားချင်လဲ...ဘာလုပ်ချင်လဲ...."
"အဲ့တာမဟုတ်ပါဘူးကိုရဲ့...ကို့ကိုအလုပ်သွားဖို့ပြောမလို့ပါ"
YOU ARE READING
🚨Lovely Boyfriend🚨#Complected#(Taegi)
Fanfictionကျွန်ေတာ့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်.... ကျွန်တော့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်....