Unicode
ဒီနေ့ဆိုရင်ကျွန်တော်တို့လက်ထပ်ထားတာ၆ လပြည့်သောကြောင့်တရားရုံးကိုလာပြီးလက်ထပ်မှတ်ပုံလာတင်ခြင်းပင်။စိတ်လှုပ် ရှားနေရသည်။မဂ်လာခန်းမထဲဝင်ရတာမ ဟုတ်ပဲနဲ့မှတ်ပုံတင်ကဒ်လေးတစ်ခုကြောင့်လူမှာမယိုးမယွဖြစ်လို့လာသည်။
"နေကောင်းရဲ့လား"
လက်လေးကိိုကိုင်ကာစိုးရိမ်တကြီးမေးလာတယ့်ချစ်ကြောင့်ခေါင်းခါပြလိုက်သည်။လူကကောင်းသည်။စိတ်ကသာ
"ကင်မ်ထယ်ယောင်း...ကင်မ်ယွန်းဂီ!"
အခန်းရှေ့မှထွက်လာသည့်စာရေးမလေးအသံကြောင့်ကျွန်တော်အမြန်မတ်တပ်ရပ်လိုက်ရသည်။ထို့နောက် ဘယ်ဘက်လက် လေးကိုမြှောက်ရင်း
"ကျွန်တော်တို့ဒီမှာပါ!"
"သြော်..ရှင်တို့ကိုတရားသူကြီးစောင့်နေတယ်ရှင့်နောက်ကလိုက်ခဲ့ပေးပါ"
"ဟုတ်"
ထိုကောင်မလေးခေါ်ရာနောက်သို့ချစ်နဲ့ကျွန်တော်လက်ချင်းတွဲပြီးလိုက်သွားခဲ့သည်။ရင်တွေကလည်းခုန်နေသလိုမကြာခင်ပိုပြီးတရားဝင်ဖြစ်လာတော့မည့်အိမ်ထောင် ရေးကြောင့်လူမှာပျော်နေရသည်။ချစ်ကိုကြည့်လိုက်တော့လည်းသူလည်းစိတ်လှုပ်ရှားနေပုံ။ကျွန်တော်ဆုပ်ကိုင်ထားသည့်လက်ကလေးကနွေးနွေးလေးဖြစ်ပြီးချွေးလေးပြန် နေလေသည်။
"Hi ထယ်ယောင်း"
အခန်းထဲသို့ဝင်လိုက်ချင်းလှမ်းနှုတ်ဆက်လာသည့်တရားသူကြီးကြောင့်သူပြုံးပြလိုက်သည်။သူသည်ကျွန်တော်တို့လက်ထပ်တုန်းက လည်းအသိသက်သေနေရာမှာဝင်ပြီးလက်မှတ်ထိုးခဲ့ဖူးတယ့်သူ။အကိုလိုရင်းနှီးနေတာကြောင့်တရင်းတနှီးစကားပြောလာလေသည်။
"ငါမထင်ထားဘူး"
"ဘာကိုလဲအကို"
"အိမ်ထောင်ရေးသက်တမ်းဒီလောက်ကြာမယ်လို့"
"အကို!"
"ဟား ဟား ဟား ငါကစတာပါ မဂ်လာရှိတယ့်အချိန်မှာ မဂ်လာစကားပဲပြောရတာပေါ့"
မျက်နှာအားပြောင်စပ်စပ်လုပ်ကာလူကိုဒေါသဖြစ်အောင်ရီနေတယ့်သူ့ကိုမျက်စောင်း ပိတ်ထိုးလိုက်သည်။အဆင်ပြေအောင်မနည်း နေထားရပါသည်ဆိုမှသူကလာပြီးဆွနေ သည်။ချစ်ကိုကြည့်ပြန်တော့လည်းနီမြန်းနေသောမျက်နှာနဲ့အတူခေါင်းကိုငိုက်ထားလေသည်။လက်ကလေးတွေကလည်းတုန်နေတာကြောင့် ကျွန်တော်လည်းသူ့လက်လေးကိုပြန်ကိုင်ရင်း
YOU ARE READING
🚨Lovely Boyfriend🚨#Complected#(Taegi)
Fanfictionကျွန်ေတာ့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်.... ကျွန်တော့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်....