15

2.5K 150 11
                                    

Unicode

ကိစ္စတွေဟာသိပ်ကိုမြန်လွန်းတာကြောင့်သားလေးတို့အိမ်ထောင်ရေးဟာဘယ်အခြေနေထိသွားမယ်မှန်းကျွန်​ေတာ်လိုက်မမှီတော့ပါ။

"ကျွန်တော်တို့ဘက်ကတော့ အခုလိုမဖြစ်စေချင်ဘူး သူတို့လေးတွေငယ်နေသေးလို့အခုလိုမစဥ်းစားမဆင်ခြင်ပဲလုပ်လိုက်တာလို့ထင်တယ်"

"ဟုတ်ပါတယ် ကျွန်တော်လည်းသူတို့ကိုကွဲဖို့ကွာဖို့အထိမဖြစ်စေချင်ဘူး"

အိမ်သို့လာရောက်ဖြန်ဖြေပေးသည့်ထယ်ယောင်းအဖေနဲ့အတူနမ်ဂျွန်တစ်ယောက်စကားပြောနေမိသည်။သားဖြစ်သူရဲ့လုပ်ရပ်​ကြောင့်၊အပြောဆိုတွေကြောင့်ဖအေဖြစ်သူကိုယ်တိုင်မှာကျွန်တော်တို့အားလာတောင်းပန်ခြင်းပင်။အစကသားပြောပြလို့ထယ်​ယောင်းကိုစိတ်စိုးမိပေမဲ့အခုလိုမိဘတွေကိုယ်တိုင်ကလာပြီးပြောတော့လည်းလူကြီးတစ်ယောက်အနေနဲ့ကျွန်တော်လည်းလက်ခံသင့်သည်ထင်သည်။

"ကျွန်တော်တို့ ယွန်းဂီလေးနဲ့သားလေးကိုတစ်ခေါက်လောက်ပဲဖြစ်ဖြစ်ရင်ဆိုင်ဖြေရှင်းခိုင်းလိုက်တာမကောင်းဘူးလား"

"အင်း ကျွန်တော်လည်းအဲ့လိုလုပ်တာအကောင်းဆုံးလို့ပဲထင်တယ် သားကလည်းအခုဆိုစိတ်ပြေနေလောက်ပါပြီအဓိက ထယ်ယောင်းဘက်ကသာ"

"ကျွန်တော့်သားကိုမစိုးရိမ်ပါနဲ့ အခုလိုလာတွေ့ခြင်းကလည်းထယ်လေးရဲ့တောင်းဆိုမှုအရပါ"

ကျွန်တော်ထင်ပါတယ်။ကင်မ်ထယ်ယောင်းကသားကိုသိပ်ချစ်တာမို့မစွန့်လွှတ်နိုင်ဘူးဆိုတာသိတယ်။ဒါပေမဲ့သူကသိပ်ကိုဆိုးသည်။သားလေးကစိတ်စိုးလွယ်တတ်တာကိုလည်းသူသိသည်။သူတို့နှစ်ယောက်ကိုအတတ်နိုင်ဆုံးပြန်ပြီးအဆင်ပြေစေချင်တယ်။အရင်လိုအိမ်မှာဆူညံပူညံလုပ်သည့်အသံလေးတွေလည်းမကြားရတော့လည်းနေရခက်သား။

"ဒါဆို ညကျရင်သားကိုကျွန်တော်တို့ခေါ်လာခဲ့ပါမယ် ဒီဘက်ကလည်းယွန်းဂီလေးကိုသေသေချာချာနားချပေးထားပါ"

"ကောင်းပါပြီ ကျွန်တော်လည်းသားလေးကိုစိတ်ပြေနိုင်လောက်တယ့်အထိအဆင်ပြေအောင်ပြောပေးမှာမို့အဲ့ဘက်ကပဲထယ်ယောင်းရဲ့အပြောအဆိုကိုဆင်ခြင်ပေးပါ"

🚨Lovely Boyfriend🚨#Complected#(Taegi)Where stories live. Discover now