Unicode
အခုတလောအလုပ်တွေကသိပ်ကိုရှုပ်လွန်းသည်။ ကုမ္ပဏီရဲ့ဒုCEOဖြစ်တာကြောင့်ဘာဖြစ်ဖြစ်ကိုယ့်ကိုသာအပူကပ်နေကြသည်။ ဒီကြားထဲDaddyက ပြီးပြီးရောဆိုပြီးလွှတ်ထားသည့်ကိစ္စတွေကလည်းမနည်းမနော။
ဒါတောင်မက တစ်ချို့အလုပ်တွေကြောင့် ညဆိုရင်အိမ်တောင် တော်တော်နောက်ကျမှပြန်လာရသည်။"ပြန်လာပြီလား...."
အိမ်ထဲဝင်ဝင်ချင်းကြားလိုက်ရသည့်အသံစူးစူးကြောင့်လူဟာလန့်ခနဲ။ အနည်းငယ်ပူထွက်နေတယ့်ဗိုက်ကလေးနဲ့ မျက်လုံးနီနီတို့ကတကယ်ပဲမလိုက်ဖက်လိုက်တာ။
"အင်း"
လူမှာအရမ်းပင်ပန်းနေတာကြောင့်လေးလံသောအသံနဲ့စကားတစ်လုံးသာဖြေမိသည်။လောလောဆယ် ရန်ဖြစ်ဖို့လည်းစိတ်မပါသေးတာကြောင့် အိမ်ပေါ်ထပ်သို့ ခြေလှမ်းများလှမ်းလိုက်တယ်။
"မင်းအခုတလောခြေလှမ်းတွေပျက်နေတယ်နော်!"
နောက်ကျောမှထွက်လာသည့် အသံမာမာကြောင့်စိတ်ရှုပ်စွာဖြင့် စုတ်တစ်ချက်သက်မိသည်။ ကျွန်တော်သိတယ်။သူကျွန်တော့်ကိုရစ်တော့မယ်ဆိုတာ။ ကိုယ်ဝန်ဆောင်ခါစလူတွေအားလုံးက စိတ်ဆတ်တတ်တယ်ဆိုတာ သိပါတယ်။ ဒါ့ကြောင့်လည်းအားလုံးကိုသည်းခံပေးထားတယ်။ ဒါကိုသူကခနခန အနိုင်ကျင့်တယ်။ ကျွန်တော်လည်းလူပဲ ဒေါသတော့ထွက်တတ်တယ် ။
"ချစ်...ကိုယ့်ကိုလာမရစ်နော် ကိုယ်အရမ်းပင်ပန်းနေတယ်"
"ပင်ပန်းလာမှာပေါ့ ဘယ်မယားငယ်နဲ့သာယာလာမှန်းမသိတာ"
"ဘာ!!မယားငယ်!!"
ဒါကျွန်တော့်သိက္ခာကိုသူစော်ကားနေတာ။ ကျွန်တော်အိမ်ထောင်ရေးဖောက်ပြန်မယ့်လူမဟုတ်ဘူး ။ ဒေါသဖြစ်ဖြစ်နဲ့သူ့အနားကိုသွားပြီး ခါးထောက်ကာစိုက်ကြည့်လိုက်သည်။ သူလွန်သည်။
"စော်ကားတာတော်ရုံတန်ရုံပဲကောင်းတယ်နော် ငါ့သိက္ခာကိုတော့ မထိမဲ့မြင်မလုပ်နဲ့!"
"ငါကမှန်တာပြောတာလေ ဗိုက်ကြီးသည်ယောကျာ်းတစ်ယောက်ကို ဂရုမစိုက်နိုင်လောက်တယ့်အထိမင်းကဘယ်မယားနဲ့သာယာနေတာမို့လို့လဲ!"
YOU ARE READING
🚨Lovely Boyfriend🚨#Complected#(Taegi)
Fanfictionကျွန်ေတာ့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်.... ကျွန်တော့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်....