Unicode
လုပ်ချင်တာကိုဇွတ်လုပ်တတ်သောကောင်က
လေးသည်
တော်တော်လဲအတင့်ရဲလှပါသည်စနောက်သည်ဟုထင်ခဲ့သောသူ့စကားအားမယုံကြည်ခဲ့သည်မှာ
မှားများမှာပြီလား...မျက်နှာပြောင်တိုက်ကာအိမ်ထိလာရဲသော
သတ္တိသည်
တကယ်ပဲကျွန်တော့်ကိုလာတောင်းရမ်းနေခြင်းပင်ဖြစ်သည်....။"ဒါဆို...ဒီကသားက ဦးတို့သားကို"
"လာတောင်းတာ"
ခပ်ပြတ်ပြတ်ပြောလာသောသူ့စကားကိုဒေါသဖြစ်စွာ
ဖြင့်စုတ်တစ်ချက်သက်မိသည်...။"ဟို..ဒီလိုပါ ကျွန်မတို့သားလေးက ဒီကသားလေးကို
သဘောကျလို့ အဲ့တာဖြစ်နိုင်ရင် အမြန်ဆုံးလက်ထပ်ပေးစေချင်တယ်...."ထိုမိန်းမကြီး၏ဖြစ်သလိုပြောလာသည့်စကားအား
အဖေကတော်တော်လေးပင်ဒေါသထွက်သွားပုံ...စားပွဲခုံဝိုင်းကို*ဒုန်း* ခနဲထုကာ ......
"ဟာ..ဒီလိုလွယ်လွယ်ဘယ်ပြောလို့ရမလဲဗျ...ကျွန်တော်တို့သားရဲ့သဘောထားကိုလည်း
မေးပါရစေဦး...""ဘယ်လောက်နဲ့တင်တောင်းရမလဲပြောသာပြောလိုက်"
လူကြီးသူမအားအရိုသေပင်မရှိသည့်ထယ်ယောင်းသည်
အခု....သူချစ်ပါတယ်ဆိုသည့် ကျွန်တော့်အဖေကိုတောင်
ခပ်တင်းတင်းပင် ပြောနေသည်...။"ငါတို့ကိုဘာများထင်နေလဲ...ငွေကိုယူပြီးသားကို
ရောင်းမယ့်သူတွေများ မှတ်နေလား""အဲ့လိုမျိုးဆိုလိုမိသွားလားကျွန်တော့်စကားက...
ချစ်လို့ကြိုက်လို့တင်တောင်းရင် ဒီလိုပဲ လုပ်ပေးနေကျမဟုတ်ဘူးလား""မင်း...!"
"ဟို...ကျွန်မကပဲတောင်းပန်ပါတယ်ရှင် သားလေးက
ငယ်သေးတော့စကားအပြောဆိုမတတ်လို့ပါ
တောင်းပန်ပါတယ်နော်"ထယ်ယောင်းရဲ့မိခင်မှာတော့စိတ်စိုးနေတယ့်အဖေ့အားပြာပြာသလဲ
ရှင်းပြနေရှာသည်..."ဒါနဲ့ ဒီကလေးရဲ့အဖေကရော ဘာလို့မလိုက်လာတာလဲ"
"သြော်...အဲ့တာက နိုင်ငံခြားမှာ အလုပ်ကိစ္စရှိလို့ပါ
အကျိုးသင့်အကြောင်းသင့်တော့ပြောပြထားပါတယ်
သူလည်းလက်ခံပါတယ်တဲ့"
YOU ARE READING
🚨Lovely Boyfriend🚨#Complected#(Taegi)
Fanfictionကျွန်ေတာ့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်.... ကျွန်တော့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်....