5

3.2K 211 22
                                    

Unicode

ဒုန်း....

ခွမ်း....

"မင်ယွန်းဂီ.....!!"

"ဘာလဲ....!"

"တော်တော့နော်...ကိုပြောနေတယ်"

ထိန်းမနိုင်သိမ်းမနိုင်အောင် သောင်းကျန်းနေသည့် သူ့ အားထယ်ယောင်းတစ်ယောက်ဒေါသဖြစ်လာရသည်...။အခုကိစ္စကကျွန်တော်မှားသည်လဲမဟုတ်....တစ်ဖက်မိန်းကလေးမှာအသဲအသန်လိုက်ကပ်နေခြင်းပင်ဖြစ်သည်။အရင်တုန်းကပက်သက်ခဲ့ဖူးသောထိုမိန်းကလေးသည် အခုမှဘယ်ကဘယ်လိုပြန်ရောက်လာလဲမသိ...။အိမ်အထိလိုက်ကာတော်တော်လေးပင် အပူကပ်နေလေသည်...။

ခွမ်း....

"ယွန်းဂီ ကိုပြောနေတယ်တော်တော့...!"

"ဘာ....မင်းအခုတော့ငါ့ကိုတောင်အော်နေပြီပေါ့...မင်းသိပ်ချစ်ပါတယ်ဆိုတဲ့ငါ့ကိုလေ...မင်းက တောက်ခ်!"

"ကိုအော်ချင်လို့အော်တာမဟုတ်ဘူး ယွန်းဂီ ကိုဘယ်လောက်ရှင်းပြပြ...ဘယ်လောက်ပြောပြော ကို့စကားကိုမယုံလို့အခုလိုပြောနေရတာ"

"မင်းပြောတာကယုံချင်စရာတွေကြီးပဲဆိုတော့ငါကယုံပေးရမယ်ပေါ့ အဲ့ကောင်မလေးကမင်းရည်းစားပါဆိုပြီး အိမ်ကိုရောက်လာတာလေ အဲ့ဟာမကလေ!!"

"မဟုတ်ဘူး...အရင်တုန်းကပက်သက်ခဲ့ဖူးတာမှန်တယ် အခုတော့သူနဲ့ဘာမှမဆိုင်တော့ဘူး ကိုသူနဲ့လည်းမပက်သက်တော့တာမို့ယုံပါကွာ...."

"ဟင့်အင်း...မယုံဘူး မင်းကိုငါမချစ်တယ့်အတွက်မယုံနိုင်ဘူး!!"

ကျစ်...တော်တော်လေးကိုလည်း စိတ်ရှုပ်လာရပြီ...ဘယ်လောက်ရှင်းပြပြအသုံးမဝင်သည့်စကားတို့အား ထပ်ပြောနေလဲအပိုပင်ဖြစ်မည်။ဒါ့ကြောင့် ဆက်မပြောချင်တော့တာနဲ့အောက်ကိုသာဆင်းလာလိုက်တော့သည်....။

"ရန်ဖြစ်နေကြတာလား"

အောက်ကိုရောက်တော့ ယောက်က္ခမဖြစ်သူက ဦးစွာမေးလာတာကြောင့် ခေါင်းပဲငြိမ့်ပြရင်းဧည့်ခန်းကဆိုဖာပေါ်မှာ ခပ်ရွဲရွဲလေးဝင်ထိုင်လိုက်သည်...။လက်ထပ်ပြီး တစ်လအကြာကိုယ့်ဘက်ကဘယ်လောက်ထိအဆင်ပြေအောင်နေနေ...တစ်နေ့တစ်မျိုး မရိုးအောင်ပြဿနာရှာနေသည့်ယွန်းဂီကြောင့်စိတ်ညစ်နေရသည်...။အရမ်းချစ်လွန်းလို့ဘာမှမပြောပဲသည်းခံနေကာမှ သူကတော်တော်လေးပင်ဆိုးလာသည်...။

🚨Lovely Boyfriend🚨#Complected#(Taegi)Where stories live. Discover now