Unicode
အခုတလောကျန်းမာရေးထက်စိတ်ကပိုဆိုးသည်။ဘာမှလည်းစားချင်စိတ်မရှိသလို ဆေးရုံဆင်းကထဲတစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်နေလေသည်။ဆုံးရှုံးသွားတယ့်သားလေးကြောင့် သူ့မှာရင်နုမနာ။ထယ်ယောင်းကိုတွေ့လိုက်ရရင်လည်း လူမှာအသည်းကျေအောင်နာမတတ်မို့ သူ့မျက်နှာကိုယောင်လို့တောင်မကြည့်ခဲ့။
"သား ထမင်းစားကြရအောင်"
အဖေကတော့ကိုယ့်ကိုချော့ကာနားချရှာပါတယ်။ထယ်ယောင်းကိုခွင့်လွှတ်ဖို့ နောက်ကလေးထပ်ယူဖို့အဖေကအားမငယ်အောင်အမျိုးမျိုး ပြောပြတယ်။အခုလည်းထမင်းကျွေးဖို့ခေါ်နေတယ့်အဖေ့ကို ခေါင်းသားရမ်းလိုက်သည်။သူအသဲကွဲနေတာမို့ဘာဆိုဘာမှမစားချင်။
"သားရယ် သားထမင်းမစားတာ တစ်ရက်နီးပါရှိနေပြီလေ ရေတွေကြီးပဲသောက်လို့ဘယ်ရမလဲ"
"သားစားချင်စိတ်မရှိဘူး"
ခေါင်းမာနေသည့်သားလေးအားသူဘယ်လိုမှအပြိုင်မပြောနိုင်။ ဆေးရုံကဆင်းလာကထဲကအရင်ကလိုတက်တက်ကြွကြွမရှိတော့ဘဲတစ်ချိန်လုံးအခန်းအောင်းနေသည့်သားကိုသူဘယ်လိုများလုပ်ပေးရမလဲ။ဒါ့အပြင်ထယ်ယောင်းဆိုသည့်ကလေးကလည်းတစ်စက်တောင်မလျှော့။နေ့တိုင်းအိမ်ကိုလာကာ သားမခေါ်မချင်းပြဿနာရှာနေလေသည်။
ထိုစဥ် အိမ်ရှေ့မှာထိုးရပ်လိုက်သည့် ကားအဖြူရောင်လေးကြောင့် ပြူတင်းပေါက်မှအသာလေးချောင်းကာကြည့်လိုက်တယ်။တစ်ဖက်မှဆင်းလာသည့် သားသူငယ်ချင်းဆော့ဂျင်ကိုတွေ့လိုက်ရမှ ဘယ်သူတွေလာလဲဆိုတာသူသိလိုက်ရသည်။
ဒီသားမက်နဲ့တော့သူလည်းတယ်ခက်ပ့.....။
"ချစ်!!ကိုတောင်းပန်ပါတယ်ကွာ!!ကိုယ့်ကိုတစ်ခါလောက်ပဲခွင့်လွှတ်ပေးပါ!!"
အိမ်ရှေ့ကကြားလိုက်ရတယ့် အသံသြသြကြောင့်လူမှာဒေါသထွက်သွားရသည်။ညဆိုရင်အချိန်ကိုက် ပတ်ဝန်းကျင်အော်ကြားမကောင်းအောင်အထိလာရောက်သောင်း ကျန်းနေသည့်ထယ်ယောင်းကိုသူ့မှာပိုပြီးစိတ်ပျက်လာရသည်။ဒါ့ကြောင့်မတ်တပ်အမြန်ထရပ်လိုက်ပြီး....
YOU ARE READING
🚨Lovely Boyfriend🚨#Complected#(Taegi)
Fanfictionကျွန်ေတာ့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်.... ကျွန်တော့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်....