7

2.8K 200 29
                                    

Unicode

တိတ်ဆိတ်နေသောထမင်းဝိုင်းသည်ဇွန်းသံခွက်သံများမှလွဲ၍ မည်သည့်အသံမှမကြားရ။ကျွန်တော်လည်းအတွေးပေါင်းစုံနဲ့ ရောက်ယက်ခက်နေသလို ဘေးနားမှာထိုင်နေသည့်ယွန်းဂီကလည်း အချိန်ပြည့်ခေါင်းပဲငုံကာ ငြိမ်ငြိမ်လေးဖြင့်ထမင်းစားနေသည်...။

ကျွန်တော်နဲ့ယွန်းဂီဟိုကိစ္စဖြစ်ကထဲက စကားမပြောတာ တစ်ပတ်လောက်ရှိပြီ..။ယွန်းဂီကလည်းတင်းခံနေသလို ကျွန်တော်ကလည်းစကားပြောဖို့ နည်းနည်းရှက်နေမိသည်။မိမိဘက်ကအရင်ခေါ်ပြန်ရင်လည်း စိတ်စိုးနေဦးမည့်သူ့ကို ချောဖို့ဆိုတာထပ်လာရဦးမည်..။ကျွန်တော်ကပဲ အလျှော့ပေးသင့်လား.....

"အဟမ်းးးး"

ချောင်းရုတ်တစ်ရက်ထဆိုးတယ့်ယောက္ခမဖြစ်သူကြောင့်တွေးနေတယ့်အတွေးတွေအကုန်ရပ်တန့်သွားရတယ် ဘာဖြစ်တာလဲကြည့်တော့ ယွန်းဂီကိုမျက်စပြစ်ပြနေသည်။ကျွန်တော်နဲ့ယောက္ခမကြီးကအဆင်ပြေပြီဆိုပေမယ့် တင်းခံနေတယ့်ယွန်းဂီကြောင့် တစ်ယောက်နဲ့တစ်ယောက်တောင်သိပ်မခေါ်ကြတော့​ ေပ။ သူစိတ်စိုးလည်းစိုးသင့်ပါတယ်လေကျွန်တော်နည်းနည်း လွန်သွားတယ်.....

"သား များများစားလေ သားကိုကြည့်ရတာသိပ်မစားသလိုပဲ"

"ရတယ်ဖေဖေ...သားဗိုက်သိပ်မဆာလို့ပါ"

"သြော်..အေးအေး..ဒါနဲ့မနက်ဖြန်စားမေးပွဲဖြေရတော့မှာဆို ကိုယ့်ကိုကိုယ်စိတ်ဖိစီးမှုလည်းအများကြီးမထားနဲ့ ပေါ့ပေါ့ပါးပါးပဲဖြေ ကြားလား"

"ဟုတ်ကဲ့"

"ပြီးတော့ထယ်ယောင်းလည်း ဒါပြီးရင်လုပ်ငန်းခွင်တန်းဝင်ရတော့မှာဆိုတော့ အဆင်သင့်ဖြစ်နေပြီပေါ့"

"အခုမှလေ့လာနေတုန်းပါ အဆင်သင့်ရယ်လိုတော့မဟုတ်ပါဘူး"

"အေးပါ ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံးသိပ်မပင်ပန်းမခံနဲ့ တော်ကြာ လူလဲဦးမယ်"

"ဟုတ်"

"ကဲအဲ့တာဆို အဖေအလုပ်သွားပြီနော် သားတို့ရန်လည်းဖြစ်မနေကြနဲ့ဦး"

"ဟုတ်"

အဖေဖြစ်သူကတော့အမြန်ဆုံးအဆင်ပြေစေချင်ပေမဲ့ သားဖြစ်သူကတော့အခုချိန်ထိ တုတ်တုတ်တောင်မလှုပ်...ငြိမ်သက်နေစဲပဲ ဒါ့ကြောင့်ကျွန်တော်ကပဲစိတ်ကိုလျှော့လိုက်ကာစကားပြောဖို့ စတင်လိုက်ရတော့သည်။ သူနေနိုင်ပေမဲ့ကျွန်တော်မှမနေနိုင်တာကို...

🚨Lovely Boyfriend🚨#Complected#(Taegi)Where stories live. Discover now