Unicode
"ကလေးကမွေးရတာ ခက်မယ်!"
မျက်လုံးများကိုစိုက်ကြည့်ကာ ယတိပြတ်ပြောလိုက်သည့် ဆရာမရဲ့စကားအဆုံး ကျွန်တော်သွေးလန့်သွားရသည်။ ရက်ချိန်းမို့လို့ဆေးရုံသို့အဖေနဲ့အတူလာပြရာမှ ရုတ်တစ်ရက်စီးကြိုလိုက်သည့် ဆရာမရဲ့စကားကြောင့်လူမှာ ငိုချင်သွားရသည်။
"ဘယ်လိုမျိုးခက်တာလဲဆရာမ"
အဖေက ကျွန်တော့်လက်ကိုကိုင်ကာ ငိုသံစွတ်ပြီးမေးလာလေသည်။ သားဦးလေးမို့အများကြီးမျှော်လင့်ထားသော်လည်း အခုလိုခက်ခဲသည် ဆိုတယ့်စကားက ကျွန်တော့်မျှော်လင့်ချက်တွေအားလုံးအား ရိုက်ချိုးပျက်စီးလိုက်သလို။
"ကိုယ်ဝန်ဆောင်ကယောကျာ်းလေးမို့လို့ ခက်တယ်လို့ပြောတာပါ နောက်ပြီးကလေးကအထဲမှာ သိပ်မူမမှန်ဘူး "
"ဆရာမ~ကျွန်တော်ဒီကလေးကိုရအောင်မွေးချင်တယ်~"
"တစ်ချို့ကိစ္စတွေကျ စွန့်စားလို့မကောင်းဘူးရှင့် အကို့ကိုအရင်မထိခိုက်ခင် ကလေးကိုဖျက်ချလိုက်တာအကောင်းဆုံးပဲ"
"ဗျာ!!"
"စိတ်မကောင်းပေမဲ့ ရှင်အသက်ရှင်ဖို့အတွက်ပါ"
မဟုတ်ဘူး။ ဒါဟာမဖြစ်သင့်ဘူး။ ဒီကလေးအပေါ်ထယ်ယောင်းရော ကျွန်တော်ရော အများကြီးမျှော်လင့်ထားခဲ့တာ။ စိတ်ကူးတွေလည်းအများကြီးယဥ်ထားခဲ့ရတာ။ အခုတလောမူမမှန်တယ့်ကိုယ်ကြောင့် စိုးရိမ်စိတ်ဝင်မိပေမဲ့ အခုလိုမျိုးထိတော့ မထင်ထားပေ။
"ကျွန်တော်ရအောင်မွေးမယ်!"
"ရှင့်အတွက်ထိခိုက်လိမ့်မယ်"
"ဒါပေမဲ့ ကလေးအတွက်ကတော့အဆင်ပြေတယ်မလား"
"အရင်ဦးဆုံး အမျိုးသားနဲ့တိုင်ပင်ကြည့်ပါ ဘယ်အရာကိုမှအတင်းအကျပ်မလုပ်စေချင်ဘူး နောက်ပြီးရှင့်ရဲ့သားအိမ်သားက သိပ်မကောင်းဘူး နောက်ဆုံးအနေနဲ့ရှင်ရောကလေးရောပါ ပျက်စီးသွားနိုင်တယ် ရှင်မွေးချင်တယ်ဆိုရင်တောင် ကလေးအသက်ကိုအာမ မခံနိုင်ဘူး!"
"ဟင်!"
ရက်စက်လိုက်တာ။မျှော်လင့်ချက်ဆိုတာရေစုန်ကိုမျှောလို့သွားပြီ။ မွေးချင်တယ်ဆိုရင်တောင် ကလေးကအသက်မရှင်နိုင်ဘူးတယ့်လား။ ကျွန်တော်ဘယ်လိုလုပ်ရမလဲ လူ့လောကထဲမဝင်သေးတယ့်သားလေးကို အသက်သမျှချစ်လို့နေပြီ။
YOU ARE READING
🚨Lovely Boyfriend🚨#Complected#(Taegi)
Fanfictionကျွန်ေတာ့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်.... ကျွန်တော့်ကောင်လေးကဆိုးတယ်... ဒါပေမဲ့ ချစ်တယ်....