ကိုကို့ရဲ့ငယ်...✨
အစ်ကို တစ်ချက်ပင့်တင်လိုက်တိုင်း ငယ့်နူတ်ခမ်းက
အစ်ကို့ဂုတ်သားကို မသိမသာ
ထိရုံလောက်လေးသွား သွားထိ မိတယ်...။ဘယ်ပြောကောင်းမလဲမိန်းမိန်းငယ်
တစ်ယောက်မျက်နှာကြီးရဲပြီး...ကြည်နူးနေရှာမှာပေါ့။
အစ်ကို့ နားရွက်ဖျားလေးတွေ ကလည်း မဆိုစလောက်လေး ပန်းရောင်သန်းနေသည်။ ငယ် လည်း
လည်တိုင်ကို ပိုတိုးဖက်ပြီး ချစ်ရတဲ့
အမျိုးသားလေးရဲ့ ကိုယ်ငွေ့ကို ခိုလူံမိသည်။"လင်းရောင်ရေ တံခါးဖွင့်ဦးကွာ "
အစ်ကို့ခြံရှေ့ရောက်တော့ ခြံစောင့်ကောင်လေးကို
အစ်ကိုက လှမ်းခေါ်လိုက်တယ်။
အစ်ကို့အသံကတည်ကြည်ပြီး
တစ်မျိုးလေး နားထောင်လို့ကောင်းတယ်။ငယ်ကလည်း အစ်ကို့မြင်တာနဲ့ မကြိုက်တာမရှိ...။
အကုန်ကြိုက်သည်။တံခါးပွင့်လာတော့ လင်းရောင်ဆိုတဲ့ ကောင်လေးက
သူမတို့နှစ်ယောက်ပုံစံကို ကလေးလေးပီပီ
သွားလေးဖြီးရင်းရပ်ကြည့် တယ်။"ကိုကြီး လက်ထဲကအထုတ်တွေပေး...
အစ်ကို့ကောင်မလေးကိုသာ သေချာချီခဲ့ "*အမြင်ရှိလိုက်တာ မောင်လေးရယ်...*
"ဟာ ဟိတ်ကောင်...ဘာတွေလျှောက်ပြောနေတာလဲ...
အထုပ်တွေ သွားထားပြီး
ကိုကြီး ဆေးသေတ္တာ ပြန်ယူလာခဲ့ပေး..သွား သွား ""ဆောရီးနော် ညီမ...အဲ့ကောင်လေးက စကားပြောမတတ်တာ...အားနာစရာတွေဖြစ်ကုန်..."
အစ်ကိုက လွတ်လပ်သွားပြီးဖြစ်တဲ့လက်နှစ်ဖက်လုံးနှင့်
ထိန်းထားရင်း
ခေါင်းကိုနောက်လှည့်ပြောတဲ့အချိန်...ငယ့်ခေါင်းက အစ်ကို့ပခုံးတစ်ဖက်ပေါ်ရောက်နေပြီမလို့...။"ပြီ "
ဝင်သက်ထွက်သက်တွေဟာ အစ်ကို့ပါးပြင်ကိုရိုက်ခက်သွားတဲ့အထိ...
ငယ့်နူတ်ခမ်းလေးဟာ သွေးကြောစိမ်းလေးတွေယှက်ဖြာတဲ့
လွင်ပြင်ငယ်ကို
ထိမိဖို့ တစ်လက်မလောက်သာလိုတော့သည်။မျက်တောင်ရှည်တွေကအနီးကပ်ကြည့်ရင်ပိုလှသည်။
မျက်ခုံးမွှေးစိမ်းစိမ်းတွေ
က ရင်ခုန်သံရပ်ဝန်းကို ထိန်းချုပ်မရအောင်
မြန်လာစေတယ်။