ကိုကို့ရဲ့ငယ်...✨
"ဝါးးးမျက်လုံးတွေ ကျိန်းချက်ပဲ "
မိုးလင်းတာနဲ့ မျက်လုံးက ချက်ချင်း ဖွင့်မရ။
နည်းနည်းလေး အားယူဖွင့်လိုက်တာနှင့် စူးကနဲ့
ဖြစ်သွားသည်။မိန်းမိန်းငယ် ခပ်တိုးတိုးငြီးရင်း
မျက်လုံးကို လက်နှစ်ဖက်ဖြင့် ပွတ်ကာ ထထိုင်၏။"ဘုတ်..."
ထိလိုက်တာနဲ့ မူးဝေနေတဲ့ခေါင်းကြောင့်
ကောင်းကောင်း မထနိုင် အိပ်ယာပေါ်အသံမြည်အောင်
ပြိုကျသွားသည်။အိပ်ရေးပျက်ပြီး
တစ်ကိုယ်လုံးညောင်းညာနေတယ်လေ။မျက်လုံးပွတ်နေရာကနေ ကျောလေးကို
ပွတ်လိုက်ပြန်တယ်။
တစ်ညလုံးတွေးနေတဲ့
အကြောင်းအရာက မိုးလင်းတဲ့အထိ
သတိရသေး၏။သူမ မျက်ရည်တွေကျလာပြန်ပြီ။"ဟူးး "
အချိန်တိုလေးအတွင်းမှာ သက်ပြင်းက
ဘယ်နှစ်ကြိမ်လောက် ချလိုက်မိမှန်းမသိ။
မျက်ရည်တွေတော့ မသုတ်တော့။ခဏနေမျက်နှာသစ်မှာဆိုတော့ မထူးချေ။
စိတ်တွေနောက်နေတော့ မိန်းငယ်ရေပါ
တစ်ခါတည်း ချိုးဖို့ ဆုံးဖြတ်ပြီးတော့
ရေချိုးခန်းထဲ ခါးကို ကျိုးကျတော့မတက်
ကုန်းကာ ဝင်လာသည်။တကယ်ပါပဲ စိတ်မကျန်းမာတာနဲ့
ကိုယ်ကလည်းဆင်းရဲတော့တာပဲ။
ဘာလုပ်လုပ်အဆင်မပြေ။သွားတိုက်တော့လည်း
သွားတိုက်ဆေးကကုန်။
မျက်နှာသစ်တော့လည်း မျက်နှာသစ်ဆပ်ပြာက
လက်ထဲ အပုံလိုက်။
ဝယ်ထားတာနှစ်ရက်လောက်ပဲရှိသေးတာကို
တစ်ဝက်ကျိုးသွားလေပြီ။
စိတ်နှင့်လူကမကပ်တော့ပေ။အစ်ကိုက
ဤမျှ အထိ ငယ့်ကို လွှမ်းမိုးနိုင်သည်။ရေချိုးခေါင်းလျှော်ပြီးတော့ ပေါ့ပေါ့ပါးပါး
မိုးပြာရောင် ဂါဝန်ပါးလေးဝတ်ပြီး
အပေါ်ကနေ လက်ရှည်တစ်ထည်
ကောက်ဝတ်လိုက်သည်။ပန်နေကြကလစ်လည်းမပန်ဖြစ်တော့။
ဒီတိုင်း မျက်နှာပြောင်နဲ့ပဲ အောက်ဆင်းလာလိုက်တယ်။
ဗိုက်ကလည်းမနေ့ကတစ်နေ့လုံးမစားရသေးတော့ ဆန္ဒပြပြီး နာတောင်နာနေပြီလေ။လှေကားတောင်မနည်း တစ်ထစ်ချင်းခြေချနေရတယ်...
အရင်လိုအထစ်ခုန်ချဖို့ နေနေသာသာ
အဲ့ဒီတစ်ထစ်ချရင် စက္ကန့်ဝက်လောက်
ငြိမ်နေရသေးတယ်။လူကမူးနေပြီ။