(12.1)

2.8K 110 2
                                    

ကိုကို့ရဲ့ငယ်...✨

Day (1)

"ကိုကို့ကိုလွမ်းလိုက်တာ "

မိန်းမိန်းငယ်အိပ်ယာက ထတာနှင့်
ပကတိတိတ်ဆိတ်နေတဲ့ ဖုန်းကိုကောက်ကိုင်ကာ
သက်ပြင်း ချ ရေရွတ်ခြင်းဖြင့်
တစ်နေ့တာကိုစတင်၏။

ပုံမှန်ဆို အစ်ကိုကသူထတာနှင့်
Messageပို့ထားလေ့ရှ်ိသည်။
မဟုတ်ရင်ဖုန်းလေးဆက်ပြီးနိုးနေကြပင်။
နာရီကိုကြည့်တော့ 9နာရီခွဲ။
အစ်ကိုမရှိတာမှ ၂၄နာရီမပြည့်သေးဘူး
အကျင့်ကပျက်နေပြီလေ။စိတ်မပျော်တဲ့ကြားကမှ
အစ်ကို့အကြောင်းတွေးမိတော့ ပြုံးမိသေးတယ်။

ညစ်ပတ်တာမဟုတ်ပေမယ့်
သွားကိုအကြာကြီးမတိုက်တက်သည့်အတွက်
၂မိနစ်လောက်ပဲတိုက်ပြီး
မျက်နှာသစ်မယ်ကြံတုန်းရှိသေး...။

"ကိုကို့ကလေးက ရယ်လိုက်လို့
သွားတန်းလေးတွေပေါ်သွားရင်
ပိုပြီးချစ်ဖို့ကောင်းလာတယ် "

"ညဘက်သွားမတိုက်ရင်
ကိုကိုချစ်တဲ့ သွားဖြူဖြူလေးတွေ
ပျက်စီးကုန်မှာပေါ့ဗျာ ငယ်က
ကိုယ်စိတ်မကောင်းဖြစ်နေတာမြင်ချင်လို့လား "

"ငယ့်! ကိိုကိုမဆူချင်ဘူးနော် "

အစ်ကို့ပြောဖူးတဲ့စကားလေးတွေကိုပြန်ကြားယောင်ပြီး ပါးစပ်ထဲကသွားတိုက်တံကိုမထုတ်မိတော့။

အစ်ကိုက ဆူတစ်လှည့်၊ချော့တစ်လှည့်၊
ချွဲတစ်လှည့်ဖြင့် ဂရုစိုက်ပေးတဲ့ ပုံရိပ်တွေက ခေါင်းထဲမှာဇာတ်လမ်းပြနေသလိုအစီအရီပင်။
ကိုယ့်အဖြစ်ကိုယ် ပြန် တွေးမိတော့ ပြုံးလိုက်မိ၏။

"အစ်ကိုကဘာလို့ ဖုန်းမဆက်တာပါလိမ့်...လိုင်းမမိလို့လား "

မျက်နှာသစ်ပြီး အပြင်ထွက်လာတော့
ဖုန်းလေး ပကတိ ငြိမ်သက်နေစဲပင်။
အစ်ကိုပြောပုံအရတော့ ဒီတစ်ခေါက်သွားမဲ့နေရာတွေက
နည်းနည်းချောင်ကြပြီး
လျှပ်စစ်မီးလည်းရှိမယ်မထင်ပါ။
အဲ့ဒီတော့ ဖုန်းလိုင်းမိဖို့ဆိုတာလည်း သိပ်တော့
မျှော်လင့်လို့မရပေ။

ဒီထက်ပိုနောက်ကျရင် အမေ့ရဲ့မေတ္တာလွှမ်းခြုံတဲ့
စကားသံလေးတွေ ကြားရတော့မည်မလို့
မိန်းမိန်းငယ် ဖုန်းမယူတော့ပဲ အပြင်ထွက်မလို့ရှိသေး။

ကိုကို့ရဲ့ငယ်...✨Where stories live. Discover now