ကိုကို့ရဲ့ငယ်...✨
Perfect(1)
"ငယ်...ငယ်လေးလို့ "
ကိုယ့်မှာ ဆရာဝန်ဂုဏ်ပုဒ်တွေ...ချေမိုးနေခဲ့တဲ့ ပုံရိပ်တွေကို
စွန့်ပြီး...ဒီကောင်မလေးရဲ့ ကလေးထိန်းကြီး ဖြစ်နေပါပြီ။
အေးလေ ကိုယ်က ကလေးကိုချစ်မိတာဆိုတော့လည်း
ကလေးထိန်းပဲပေါ့။ငယ် ကလေတော်ရုံစိတ်ဆိုးတာမျိုးမရှိပဲ...လူကြီးမလေးလို
နားလည်ပေးတတ်ပေမယ့်...တစ်ခါတစ်လေကြတော့လည်း
ဘာမဟုတ်တာလေးကိုလည်း စိတ်ဆိုးတတ်တယ်။ကိုယ့်အပေါ်
ဆိုး ချင်ရင်လည်း ဆိုးနေတတ်သေးတာ။
တကယ်ပါ ကိုယ့်ကောင်မလေးက ချစ်စရာကောင်းလွန်းတယ်။အခုလည်း နေ့လည်က ဖုန်းမကိုင်မိတာကို စိတ်ဆိုးနေတာ။
ဒါပေမယ့် ငယ်ကအကြာကြီး စိတ်ဆိုးတာမျိုးမရှိဘူး။
သူ့ဟာသူစိတ်ဆိုး သူဟာသူစိတ်ပြေသွားတတ်သေးတာ။"ကိုကိုက အိပ်ပျော်နေလို့ပါကွာနော်...စိတ်မဆိုးပါနဲ့ "
"ဟွန့်...ဘာမှပြောမနေနဲ့..."
ခြေလေးမသိမသာ ဆောင့်ပြီး ထိုင်နေကြ ပိတောက်ပင်နားက ဒန်းလေးပေါ်သွားထိုင်နေတာ...အချော့ခံချင်လို့ပါ။
သူကဘာရယ်မဟုတ် လုပ်လိုက်တဲ့ အပြုအမူတိုင်းက
ကိုယ့်အတွက်တော့ အသဲယားစရာလေးတွေကြည့်။"ငယ်ရာ...ကိုယ့်ကိုသနားပါဦးကွာ...ကိုယ့်မှာ မနေ့ညက ဂျူတီကြောင့်
တစ်ညလုံးမနားရသေးဘူး...အိမ်ပြန်ရောက်တော့ ငယ့်ကို ဖုန်းဆက်ပြီးတော့
အဝတ်တောင်မလဲသေးပဲ အိပ်ပျော်သွားတာ "ခုဏက စိတ်ဆိုးချင်ယောင်ဆောင်နေတာ သူမဟုတ်တော့။ကိုယ်ပင်ပန်းတယ်ပြောလိုက်တာနဲ့...စိုးရိမ်သွားတဲ့ မျက်ဝန်းငယ်လေးတွေကိုကြည့်ပြီး အချစ်ပိုရသည်။
"ကိုကိုအရမ်း ပင်ပန်းနေတာလား... ဟင် "
ငယ်က ထိုင်နေတဲ့ ဒန်းပေါ်က ဆင်းလာပြီး
မြက်ခင်းပြင်ပေါ် ငုပ်တုပ်ထိုင်နေတဲ့ ကိုယ့် ရှေ့မှာ..
ကျွန်တော့်နည်းတူ ထိုင်၏။ပြီးတော့
ကလေးလေးတွေ ချော့မြူနေသလိုမျိုး
လက်သေးသေးလေးတွေနဲ့
ပါးနှစ်ဖက်ကို ဖွဖွလေးကိုင်ရင်းပြောလာသည်။