ကိုကို့ရဲ့ငယ်...✨
(5.5)
ကိုယ့်ပျော်ရွင်မူထက် သူ့ပျော်ရွင်မူက
ပိုအရေးပါတယ်လို့ ခံစားရတာကို
အချစ်ဟု သတ်မှတ်နိုင်သည်။အရင်ကတည်းကမိမိအပိုင်မဟုတ်ခဲ့သည့်
အစ်ကို့ကို မိန်းမိန်းငယ် ရင်နာနာဖြင့်
လက်လွှတ်ပေးရတော့မည်။တစ်နေ့လုံးနီးပါးအခန်းထဲကမထွက်လာတော့တဲ့
သမီးကိုဒေါ်ခင်မြင်ကြည့် အတော်စိတ်ပူနေပြီဖြစ်၏။သူ့အဖေကလည်း
ဘာဖြစ်တာလဲ ဆိုတဲ့အကြည့်နှင့်
မျက်ခုံးပင့်ကြည့်လာလေတော့
မသိသလိုပင် ခေါင်းခါရသည်။ယောကျ်ားလေးတစ်ယောက်ကြောင့်
ဒီလိုဖြစ်ရတယ်ဆိုတာ ဖခင်တစ်ယောက်အနေနှင့်
လက်ခံမှာမဟုတ်ဘူးဆိုတာ
သူမကောင်းကောင်းသိသည်။အလကားနေရင်း ကို သိသွားလို့
စိတ်အားငယ်နေတဲ့သမီးကို ဖခင်စိတ်နဲ့
ဆူ လိုက်ရင်...ကလေးက ခံနိုင်ရည်ရှိနိုင်မှာမဟုတ်ပေ။ပြီးတော့ အမြင်နဲ့ပဲတွေ့လာရတဲ့
ဘုန်းထက်ရှိန်တို့ကိုလည်း သမီးရည်းစားပါရယ်လို့ တထစ်ချမသတ်မှတ်ပစ်နိုင်သေးပေ။
တကယ်လို သမီးရည်းစားပါဆိုရင်တောင်
ကိုယ်တွေနဲ့ နည်းနည်းမှ
မသက်ဆိုင်ဘူးမဟုတ်ဘူးလား။
အစွဲအလမ်းကြီးလှတဲ့
သမီးအကြောင်းတွေးမိပြန်တော့ စိတ်မောရပြန်သည်။"ခင်...သမီးလေးက ဘာဖြစ်လို့တုန်း...
တစ်ညနေလုံးလည်း
အပြင်ကိုထွက်မလာဘူး နေမကောင်းလို့လား...
ဒါဆိုလည်းဆေးခန်းလေးဘာလေးသွားရအောင်လေ ကွာ""ခင်တို့ အပြင်သွားထားတော့
သမီးငယ်က ပင်ပန်းနေလို့ထင်ပါတယ်
ကိုရယ်...နိုးလာရင်
ဆင်းလာပါလိမ့်မယ်...
ကိုယ့်သမီးအကြောင်းလည်း ကိုယ်သိသားနဲ့
ဘယ်တုန်းက ဗိုက်ဆာရင် သည်းခံပြီးနေဖူးလို့တုန်း"ဆိုဖာပေါ်ထိုင်ချရင်း ပြောသာပြောလိုက်ရတယ်။
စိတ်ထဲတော့မကောင်း။
မနက်ခင်းကတည်းက
ဘာမှမစားရသေးဘူးလေ ကလေးက။Tv ကိုပိတ်လိုက်ပြီး ယောကျာ်းဖြစ်သူက
သူမကို စကားစလာလေသည်။