"ကိုကို "
"ဗျာ "
ခေါ်သံလေးအဆုံး ဘေးမှာကပ်ထိုင်နေတဲ့အသေးလေးက
ခေါင်းလေးမှီချလာတာမလို့
ပခုံးတစ်ဖက်ကိုအသာငဲ့စောင်းပေးတော့
သုံးနေကြခေါင်းလျှော်ရည်နံ့
ခပ်သင်းသင်းက နှာခေါင်းထဲတိုးဝင်လေ၏။ခေါ်တုန်းကခေါ်ပြီး အသက်ရှူသံလေးမှအပ
ဘာမှထွေထွေထူးထူးမကြားရ။ဘုန်းထက်ရှိန် ခေါင်းကိုနည်းနည်းငဲ့စောင်းကြည့်လေတော့
ဘာတွေစိတ်ကူးပေါက်သွား လည်း မသိ။မှီနေရာကနေ ခေါင်းလေးထောင်၍ ပါးပြင်ပေါ်အနမ်းလေးဖွဖွပေးလာတော့လည်း...
ကိုယ့်မှာဆယ်ကျော်သက်လေးလို ရင်ထဲဒိန်းကနဲ့။"ငယ် ဘာပြောစရာရှိလို့လဲ...။ကိုကို့ကို ပြောပြချင်လား "
ထိုအခါမှ ငယ်က ဘုန်းထက်ရှိန်ကို
မျက်လုံးလေးကလယ်ကလယ်နှင့်ကြည့်၏။
ဘာမှတော့မပြောသေး။သို့ပေမယ့်
နှစ်ပေါင်းများစွာအဝေးကတစ်မျိုး အနီးတဖုံ
နေလာခဲ့သူတွေမလို့ငယ်ဘာဖြစ်နေလဲဆိုတာ
ဘုန်းထက်ရှိန်ကောင်းကောင်းကြီးရိပ်မိပါသည်။တစွန်းတစနေရောင်အောက်မှာ
ပါးလေးတွေပါရဲနေတဲ့ ကလေးငယ်ငယ်ကို
အသည်းတယားယားနဲ့ စချင်ပေမယ့်
နဂိုရှက်နေတဲ့ ငယ့်ကို မျက်နှာမပူစေချင်သောကြောင့်စိတ်ကို
ချူပ်တည်းထားလိုက်ရ၏။
"ငယ် ကြောက်နေတာလား ကိုယ်နဲ့ လက်ထပ်ရမှာ ""ဟင့်အင်း...။စိတ်လူပ်ရှားနေတာ....နောက်ပြီး။
ဟုတ်တယ် ကြောက်တယ် "ငယ်အမှန်တိုင်းပြောလိုက်ခြင်းဖြစ်သည်။
ဒါကို ကိုကိုလည်းသိသည်။
မိန်းမိန်းငယ်က ဘယ်လိုပဲ သွက်လက်တဲ့မိန်းကလေးဖြစ်နေပါစေ...
ကိုကိုကဘယ်လိုပဲအရင်းနှီးဆုံးလူ ဖြစ်နေပါစေ...
မိန်းကလေးသဘာဝကြောက်စိတ်ဝင်မိသည်။ကိုကို့ကိုတော့မဟုတ်။
မိန်းငယ်ကြောက်နေတာ အိမ်ထောင်ရှင်မကောင်းပီသပါ့မလား
တာဝန်တွေကျေပါ့မလား...စသည့် ဝတ္တရားတွေကိုတွေးပူကြောက်မိခြင်းသာ။"ငယ်ရယ် "
ကိုကိုကတော့ ကိုကိုပီသစွာပင် ငယ့်ထက် ငယ့်အကြောင်းကိုပိုသိသည့်မို့
လက်ဖမိုး လေးကို အသာဆွဲယူ နမ်းရိူက်ပြီး ခေါင်းလေးကိုခပ်ဖွဖွ ပွတ်သပ်ပေးသည်။တကူးတကလုပ်ပေးတဲ့ အပြုအမူတွေမဟုတ်ပဲ
အသားကျနေတဲ့ ဂရုစိုက်မူလေးတွေမှာတောင် ကိုကို ကငယ့်ရင်ကို
တသိမ်သိမ်ငြိမ့်ညောင်းစေသည်။ဒီလိုဆိုတော့လည်း စိတ်လူပ်ရှားနေတာတွေ
ပူပင်နေတာတွေက သိသိသာသာ ငြိမ်းအေးသွား၏။