ကိုကို့ရဲ့ငယ်...✨
*အတ္တကြီးတယ်ပဲပြောပြော အစ်ကို့ကို ငယ်ပဲ ပိုင်ချင်တယ် *
မိန်းမိန်းငယ် အလိုမကျစွာ
မျက်နှာလေးဆူပုတ်ရင်း ထိုအစ်မမျက်ဝန်းတွေကနေ
အစ်ကို့နောက်ကျောကို ကာကွယ်ပေးနိုင်မဲ့အရာကို အသည်းအသန်လိုက်ရှာနေမိတယ်။အစ်ကိုကလည်းဝယ်ထားတဲ့ပစ္စည်းတွေကအများကြီးဆိုတော့
မိနစ်ပိုင်းတော့ ကြာဦးမည်။ထိုမိနစ်ပိုင်းအတွင်း
ငယ်အစ်ကို့ကိုဘာနဲ့ကာထားရ...။"ဟော တွေ့ပြီ "
တစ်တွဲမှာ ငါးထုတ်လောက်ပါသည့်
ငါးမုန့်ကြော် ခပ်ကြီးကြီးတွေ...။ဒီလိုမျိုး နှစ်တွဲလောက်ဆို သေချာပေါက်
တစ်ကိုယ်လုံးမဟုတ်ရင်တောင်
နောက်ကျောတစ်ပြင်လုံးကို ငယ် ကာထားနိုင်သည်။ကိုယ့်အကြံနဲ့ကိုယ်
ပြုံးရင်း အခုထိ ဝယ်စရာရှိတာလိုလို
ဘာလိုလိုနှင့် အစ်ကို့နောက်ကျောကို
ပဲ ကြည့်နေတဲ့ သူကို မျက်စောင်းတွေ
အကြိမ်ကြိမ်ထိုးပစ်လိုက်တယ်...။ပြီးတာနဲ့ တုံ့ဆိုင်းမနေပဲ ခပ်လှမ်းလှမ်းမှာ
ချိတ်ထားတဲ့ ငါးမုန့်ကြော်ထုတ်တွေကို
ချိတ်ကနေ ကိုင်ဖြုတ်၍...ပခုံးတစ်ဖက်ဆီကနေ နောက်ကျောဘက်ကိုတွဲလောင်းချထားလိုက်တယ်။ကြက်သားမူန့်အထုပ်ကိုပါ တစ်ခါတည်းရောချည်ထားတဲ့
ငယ့်ပုံစံက ဆန်တာ လက်ဆောင်ထုပ်ထမ်းလာနဲ့
တူနေပမယ့်လည်း...မတက်နိုင် အစ်ကို့ကို ရသလောက်
ကာထားနိုင်ရမည်။"အစ်မ ငွေရှင်းတာမျိုးမဟုတ်ရင် ဖယ်ပေးပါလား ဒီမှာ....အထုတ်တွေအရမ်းများနေလို့...အဟင်း "
နှစ်လိုဖွယ်ကောင်းအောင်ပြုံးလျှက်သာ...
အသံကိုအောက်ဆုံးအထိနိမ့်၍
ပြောလိုက်ပေမယ့်လည်း...
မျက်လုံးတွေကတော့" အစ်ကို့ကိုဆက်ကြည်နေရင် ငယ်ဆက်သည်းမခံတော့ဘူး "
လို့ပြောနေသယောင်...။
"ခဏလောက်စောင့်ပါဦး...ဒါလေးရှင်းပြီးရင် ပြီးပြီ...ရှေ့ကလူလည်းမပြီးသေးဘူးမလား "