ကိုကို့ရဲ့ငယ်...✨
"ကိုကို... "
"ကိုကိုလို့..."
"ကိုယ် ငယ်နဲ့ ပြောစရာမရှိဘူး..."
"ကိုကိုကလည်း...ကိုကိုပြောစရာမရှိလည်း ငယ်ပြောစရာရှိတယ်လေ လို့ "
"ကိုကိုနားမထောင်ချင်ဘူး..."
နူတ်ခမ်းကြီးဆူပြီး အကြည့်လွဲသွားတဲ့ အစ်ကိုကကလေးလေးလိုပဲ...။
တစ်ခါတစ်လေ အစ်ကိုက ငယ်မမြင်ဖူးတဲ့ အခြမ်းကိုထုတ်ပြလေ့ရှိသည်။
စိတ်ဆိုးနေတဲ့အချိန်နဲ့ ပင်ပန်းတဲ့အချိန်လိုမျိုးဆို ဘုန်းထက်ရှိန်ဆိုတဲ့လူကြီးကနေ
ဘုန်းထက်ရှိန်သေးသေးလေး ဖြစ်ပြီးချွဲတတ်၏။အဲ့လိုဖြစ်တိုင်း မိန်းမိန်းငယ်ကလည်း အလဲလဲအပြိုပြိုကိုကြွေသည်။အထူးသဖြင့်ငယ့်ကိုပဲ ဒီလိုဆက်ဆံတာကြောင့် ပိုပြီး မြတ်နိုးရ၏။ကိုယ့်ရည်းစားကိုယ်ပြန်ကြွေဆိုတာ ရယ်စရာဖြစ်နေပေမယ့် အစ်ကိုကအားကြီးချစ်ဖို့ကောင်းနေတော့ ရယ်ချင်လည်း ရယ်ပါစေတော့။"ဟွန်းး ကိုကိုကလည်း နားထောင်ပါဆို..."
"......."
ကြွက်သားအပြည့်နဲ့ လက်မောင်းကို လက်နှစ်ဖက်နဲ့လွတ်ထွက်မတက်ဖက်ထားသော ငယ့်ကို အစ်ကိုက
လှည့်၍ပင်မကြည့်တော့တာ။"ကိုကို က တကယ်ကြီး ငယ့်ကို စကားမပြောတော့ဘူးပေါ့...ဟွန်..."
ပြုံးချင်နေတဲ့မျက်နှာပိုးကိုမနည်းချိုးနိမ့်ကာ နူတ်ခမ်းလေးကိုမဲ့ မျက်လုံးလေး
ပေကလပ် ပေကလပ်နဲ့ မူပိုးကာ ချွဲသည့်တိုင်အောင်...ဘာမှမတုန့်ပြန်ပဲ စက်ရုပ်ကြီးအတိုင်း ထိုင်နေတဲ့ အစ်ကို့ကြောင့်...လူကအသည်းလည်းယား
စိတ်ဆိုးပြေအောင် ဘယ်လိုလုပ်ရမလဲစဥ်းစားနှင့်...။အစ်ကိုကလေအချိန်တိုင်း ငယ့်ကိုရူးအောင်လုပ်နိုင်တုန်း...အမြဲတမ်းလွမ်းမိုးနေတုန်း...။
တစ်ခါတစ်လေ ငါဘာလို့များ ဒီလူသားကို အရမ်းချစ်မိသွားလဲ ဆိုတာမေးခွန်းထုတ်မိ၏။မေးတိုင်းလည်းအဖြေကတစ်ခုပဲ...
အစ်ကိုဖြစ်နေလို့ကို အရမ်းချစ်မိတာ။"ကိုကို့ "
ဘာမှမထူး။ကျစ်...ဒီလူကြီးကတော့။ကိုယ်တိုင်က မှားထားတဲ့လူဖြစ်လို့ ချော့ရမှာမှန်ပေမယ့်အစ်ကိုက တမင်စိတ်ဆိုးချင်ယောင်ဆောင်နေတော့
ဘယ်လိုမှချော့လို့မရ။