ကိုကို့ရဲ့ငယ်...✨
မိုးလင်းကတည်းက ဒဏ်ရာရထားတဲ့ လက်လေးကိုတသသကြည့်ရင်းပြုံးနေမိသည်။
ဘယ်နေရာသွားသွား
ဘာလုပ်လုပ် လက်ချောင်းထိပ်မှာ
ပတ်ပေးထားတဲ့ ပလာစတာကိုပဲ
တယုတယဖြစ်နေတဲ့ သမီးကို ဒေါ်ခင်မြင့်ကြည်
ကြည့်မရတော့။မနေ့ကမုန့်ဟင်းခါးပို့ခိုင်းလိုက်တာ
သူမမှားများသွားလားမသိဘူး...။
ဘုန်းထက်ရှိန်တို့အိမ်ကပြန်လာကတည်းက
အဲ့ပလာစတာနဲ့ သူ့ကမ္ဘာကြီးကို
မုန့်ဟင်းခါးလုပ်ကျွေးခဲ့တဲ့အကြောင်းကြည့်ပြောနေလို့ မသိချင်ယောင်ဆောင်နေရတယ်...။သူက ကမ္ဘာကြီးကို ဘာလုပ်ကျွေးလဲတော့မသိဘူး...
မုန့်ဟင်းခါးကတော့မနက်၅နာရီလောက်ကတည်းက
ဒေါခင်မြင့်ကြည့်တစ်ယောက်တည်းချက်ထားရတာဖြစ်သည်။အခုလည်း မုန့်လုပ်ပါ ဟိုဘက်အိမ်သွားပို့ချင်တယ်
အတင်းလုပ်နေလို့ မနည်း စျေးကိုလစ်ထွက်လာရတယ်။ကိုယ့်မှာ အမေဖြစ်ပြီး သမီးဆီကရှောင်နေရတယ်ဆိုတာ
လူကြားမကောင်းဖြစ်နေပြီ။ဒီလိုနဲ့ မေမေလည်း ဘာမုန့်မှမလုပ်တော့ မိန်းငယ်တစ်ယောက်
အစ်ကိုရှိရာကို မသွားနိင်ဘူးဖြစ်နေတယ်။တကယ်လိုအခုရက်ပိုင်းသွားရင်တောင်
အစ်ကိုနဲ့တွေ့ရမှာမဟုတ်ဘူး။ဘာလို့ဆို...အစ်ကို့ ဂျူတီရှိတယ်လေ...။
သူက အလုပ်ရှိတဲ့နေ့တွေဆို အိမ်မပြန်လာဘူး ဆေးရုံကအဆောင်မှာပဲ
အိပ်တာများသည်။အလုပ်မရှိတော့မှ အိမ်ကိုအပြည့်အဝပြန်နားတယ်...။
အစ်ကိုကအဲ့လိုပဲ အလုပ်အရမ်းကြိုးစားသည်။မိန်းငယ်ကလည်း အဲ့လောက်ထိ
အစ်ကိုလုပ်သမျှကို စုံထောက်တွေထက်သာအောင် စုံစမ်းနိုင်တယ်...။"အစ်ကိုက ဂျူတီရှိနေတဲ့နေ့ဆို အိမ်မပြန်ဖြစ်ဘူး ဆိုတော့ငါတို့ရည်းစားဖြစ်သွားရင်ရော သူကအိမ်ပြန်မလာရင် မတွေ့ရတော့ဘူးပေါ့...ဟဲ့ ဟဲ့ ငါဘာတွေလျှောက်တွေးနေတာလဲ "
ကိုယ့်အတွေးကိုယ် ပြန်သတိပေးနေပေမယ့်...ဧည့်ခန်းထဲကဆိုဖာပေါ်မှာ
ခေါင်းအုံလေးရင်မှာပိုက် သွားလေးဖြီးကာအကျေနပ်ကြီးကျေနပ်နေတဲ့ကောင်မလေး..။
အစ်ကို့ကသူမကို
အဲ့လောက်ထိစိုးမိုးနိုင်သည်။