ကိုကို့ရဲ့ငယ်...✨
(8.5)
တစ်ဖြည်းဖြည်းဦးတည်ရာက မြို့ပြင်အထိရောက်လာကြောင့်
ငယ်က ကားမှန်ဖွင့်ပြီး ရူခင်းတွေကိုငေးနေလိုက်တာများ တမေ့တမော။
ကျယ်လွန်းတဲ့ လယ်ကွက်တွေ...ကွင်းပြင်တွေ...တောတွေနဲ့ ငယ်က အလှမ်းဝေးနေရှာတော့...စိတ်ဝင်တစားနဲ့ တွေ့သမျှအကုန် လက်လေးနဲ့တို့တို့ပြီ မေးသည်။ပေါက်ပေါက်ရှာရှာ ဘယ်သူ့လယ်ကွက်လဲ ဆိုတာက ပါသေးတယ်။တကယ့်ကလေးမလေး။ချစ်သူမဖြစ်ခင်ကတည်းက အသဲယားရတဲ့ ကောင်မလေးက...ကိုယ့်ကောင်မလေးဖြစ်လာတော့ ပိုတောင် အသဲယားရသည်။
တစ်ခါတစ်လေ ခံတွင်းထဲတောင်ထည့်ငုံထားလိုက်ချင်တဲ့အထိ။ငေးကြည့်ရတာ ပင်ပန်းသွားပြီထင်တယ်...သူ့နေရာမှာသူငြိမ်ငြိမ်လေးထိုင်ပြီး
အားနေတဲ့လက်ပေါ်ရောက်လာတဲ့ လက်ဖဝါးနုနုလေးတွေ...။ခပ်ဖွဖွလေး ပြန်ဆုတ်ကိုင်ရင်း ငယ့်ကို ကြည့်မိတော့
မျက်လုံးလေးတွေအဝိုင်းသားနဲ့ လူကိုကြည့်ကာ ခေါ်လာသည်။"ကိုကိုလို့ "
"ပြောလေ ငယ် "
"ကိုကို့ "
"အဟွန်းး...ပြောလို့ ကလေးရ "
"ကိုကို့လိုဆိုနေ "
"ဗျာ "
"ကိုကို့ "
"ဗျာ ဗျ "
"ကိုကို့ "
"ဗျာလို့...ဘာပြောမလို့လဲ ငယ်ရာ "
"ဟီးး ခေါ်လို့ကောင်းလို့ "
"အိုကေဗျာ...ငယ့်သဘောကြိုက်သလောက်ခေါ် "
"ကိုကို့ကိုချစ်လိုက်တာ...ကိုကိုကချစ်စရာကြီး "
ဆုတ်ကိုင်ထားတဲ့လက်တစ်ဖက်ကို နောက်လက်တစ်ဖက်နှင့်ထပ်အုပ်ကိုင်လိုက်ကာ...
ပြောတော့ အစ်ကို့ပါးလေးတွေ နီလာတာ မိန်းငယ် သတိထားမိသည်။
ဒီလူသားကိုချစ်ခဲ့တာရော ဒီလူသားအချစ်ကိုလက်ခံခဲ့တာအတွက်ရော
သူမ ဘယ်တော့မှ နောင်တမရဘူးဆိုတာ အတူရှိနေတဲ့ အချိန်တွေကြောင့်
ပိုသေချာလာရသည်။အစ်ကိုက သူ့စကားကိုသူတည်သည်။
"Time will tell how much I love you "
အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့ သက်သေပြသည်။