ကိုကိုရဲ့ ငယ်...✨
(Extra 3)
"ငယ်ကလေ...ကိုကို့ကိုချစ်ဖို့မွေးဖွားလာတာဖြစ်မယ်"
ဒီစကားလေး ပြောတိုင်း ကိုကိုကရှက်သွားတတ်တာ။
ရှက်သွားတဲ့အခါတိုင်း ကိုကို့နားရွက်ဖျားလေးတွေနီဆွေးလာတာကို
အသည်းယားတယ်။မျက်နှာလွဲသွားပြီးရင် "အတတ်ကလေး"ဆိုပြီးငယ့်ကိုပွေ့ဖက်ဦးမယ်။နဖူးကိုဖွဖွနမ်းမယ်။ပါးပြင်ချင်းထိကပ်ပြီး
ငယ့်ကိုချစ်ကြောင်းတွေ တသွင်သွင်ပြောမယ်။ကိုကို လုပ်နေကြအပြုအမူတိုင်းကို အလွတ်ရနေလည်း ဘယ်တော့မှမရိုးနိုင်သောပါပဲ။ဒီအမျိုးသားကိုပဲ ချစ်ပြီးရင်းထပ်ချစ်နေမိတယ်။လက်ထပ်ပြီးသွားတဲ့နောက်ပိုင်း ဘာတွေပြောင်းလဲသွားလဲဆို၊
ချစ်သူဘဝတုန်းက မနက်ခင်းတိုင်းကို ဖုန်းအဝင်ကောလ်လေးနဲ့ စခဲ့သလို၊
လက်ထပ်ပြီးတော့လည်းမနက်ခင်းတိုင်းကိုနဖူးထက်ကအနမ်းလေးတစ်ပွင့်နဲ့စရတာပဲ။ခေါင်းစဥ်သာပြောင်းလဲသွားတယ် ဒီအမူအရာတွေ၊ဒီအပြုအမူတွေ၊ဒီအချစ်တွေကမပြောင်းလဲသွားပါဘူး။တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းလေးလို၊ဒီတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်းလေး၊အရှိန်မှန်မှန်လေးနဲ့
အပြန်အလှန်စီးဆင်းနေကြတာ။"ငယ့် ကိုကို့လေးက ဘာလို့ အများကြီးချစ်စရာကောင်းနေတာလဲဟင် "
အိပ်ယာပေါ်ကထထိုင်နေသူရဲ့ခါးကို အတင်းဖက်ကာ ချွဲတော့ ကိုကိုက
အံကြိတ်သံနဲ့ ကိုယ့်ကိုကျိန်းတယ်။"ဆက်ချွဲနေရင် ဝါးစားလိုက်တော့မှာတဲ့ "
သူ့ဟာသူပြောပြီးပိုအသည်းယားလာတယ်ထင်ပါတယ် ငယ့်ကိုယ်လေးကို
ထွေးပွေ့ပစ်လိုက်တော့တာ။ပျော်လိုက်ရတာ၊ကြည်နူးလိုက်ရတာ၊
ကိုကိုနဲ့အတူရှိရခြင်းက ကောင်းချီးတစ်ခုလို့ကိုခံစားနေရတာ။"ဝါးတော့စားပါနဲ့...ဒါ ငယ့်အသားနာမှာဆိုးလို့မဟုတ်ဘူးနော်၊
ငယ်မရှိရင် ကိုကိုတစ်ယောက်တည်း အထီးကျန်နေမှာဆိုးလို့ရယ်"အကဲပိုပြီး ရင်ခွင်ထဲခေါင်းတိုးဝင်ပစ်တော့ ကိုကိုက
ကြားလေတိုးမရအောင်ဖက်ထားရာကနေဖယ်ပြီး ငယ့် ပါးလေးနှစ်ဖက်ကိုအုပ်ကိုင်တယ်။လက်ဖဝါးနွေးနွေးက
မနက်ခင်းအာရုံဦး အနွေးဓာတ်ကလေးလို၊
နွေးနွေးလေး ပြီးတော့ နူးနူးညံ့ညံ့လေး။ချစ်မြတ်နိုးမူတွေဟာ
ကိုကို့လက်ကနေစီးဆင်းနေသလိုလို။