ကိုကို့ရဲ့ငယ်...✨
"သမီးငယ် အပြင်ခဏသွားရအောင်...
အဝတ်သွားလဲချည် သွား...
အမေဟိုတစ်ခေါက်ကချုပ်ပေးထားတဲ့ ဝမ်းဆက်လေး ဝတ်ခဲ့...ဆင်တူဖြစ်အောင်လို့ "မိန်းငယ် ဧည့်ခန်းက ဆိုဖာပေါ်မှာ...
ဒူးလေးနှစ်ဖက်ပေါ် လက်လေးတင်ကာ
ထိုလက်ပေါ်ကိုမှ မေးချွန်ချွန်လေးထောက်လျှက် TVကို သည်းကြီးမည်းကြီးကြည့်နေတဲ့အချိန်...
အမေကလှမ်းပြောလာ၏။အမေ့ကိုနောက်လှည့်၍ကြည့်တော့ ကျော့မောပြီး
ဂုဏ်သရေရှိစွာဝတ်ဆင်ထား၏။မိန်းငယ် လည်း ဘာမှမေးမနေတော့ပဲ...
အပေါ်ထပ်ကိုတက်လာ၏။သူမလည်း
အပြင်မထွက်ဖြစ်တာကြာလှပြီလေ...။ဗီရိုထဲက အမေကိုယ်တိုင် ဆိုင်သွားအပ်ပေးထားတဲ့
ဝမ်းဆက်လေးကိုယူ၍...ဝတ်လိုက်၏။
ရင်စေ့အင်္ကျီလေးကိုမှခါးတို
ချုပ်ထားတဲ့ဝမ်းဆက်ကြောင့်...မိန်းငယ် အလှတရားက မိန်းကလေးဆန်ဆန်လေးနှင့်လှ၏။
ပုံမှန်ဆိုနူတ်ခမ်းနီကလွဲရင်
ဘာမှလိမ်းခြယ်လေ့မရှိပေမယ့် ဒီနေ့တော့
အမေ့အပြင်အဆင်ကြောင့်...
မိတ်ကပ်လေးနည်းနည်းပဲလိမ်းလိုက်တယ်။
အစကတည်းက ဘာမှပြင်ဆင်စရာမလိုတဲ့မျက်နှာမျိုးဆိုတော့ ဆယ့်ငါးမိနစ်လောက်အတွင်းမှာပဲ မိန်းမိန်းငယ် မျက်နှာလေးကပကတိအရုပ်မလေးသဖွယ်...
လှ၏။ယဥ်၏။မိန်းမဆန်၏။ချယ်ရီပန်းပုံစံ အပန်းရောင်ကျောက်လေးတွေပါတဲ့ ကလစ်သေးသေးလေးနှစ်ဖက်ကို ပန်ပြီးရင်ဆိုရင်ပဲ
ပြင်ဆင်မူကပြီးသွားလေသည်။ပိုက်ဆံအိတ်အသေးလေးထဲကို ဖုန်းကိုထည့်ကာ မိန်းမိန်းငယ်အောက်ဆင်းလာတော့
အမေကလှေကားရင်းနားမှာ
ရပ်နေရင်းကနေ ပြောသည်။"သမီးက လှလိုက်တာ ကွယ်...
အဟင်း..ဟင်း အမေတူသမီးလေးလို့မပြောရဘူး "သူမနဲ့တူလို့လှတာလို့ပြောလိုက်တာပဲမလို့
မိန်းမိန်းငယ်က နူတ်ခမ်းလေးမသိမသာစူကာ
မျက်စောင်းလေးနည်းနည်းထိုး၏။များများတော့ မထိုးရဲ...အမေ
မဆူတဲ့ဒီလိုအချိန်မျိုးကရှားရှားရယ်။
ပြောသာပြောရတာပါ အမေကတကယ်လှသည်။
သူ့ခေတ်သူခါက
အမေက လည်း သေချာပေါက် ပုရိသတို့
အတွက်စွဲလမ်းစရာဖြစ်ခဲ့ပုံရသည်။
"ဟုတ်ပါတယ် ငယ်က အမေနဲ့တူလို့လှတာပါ...
အခု ငယ်တို့ဘယ်သွားကြမှာလဲ "