[Zawgyi]
" လူတစ်ယောက်က အဲ့လောက်လူမှုရေး ခေါင်းပါး
နိုင်သလား… "ကွပ်ပျစ်လေးထက်တွင်ထိုင်ရင်းပြောနေသော Baekhyun စကားများက အဝေးမှ မော်တော်
ခုတ်မောင်းသံအောက်တွင် ပေါ်မယောင်ယောင်နှင့်
ပျောက်ချသွား၏…။" ဒါမှမဟုတ် အရှက်အကြောက်ကြီးတဲ့သူမျိုးလား "
ကြက်ဥအရုပ်လေးကိုကိုင်ကာ ခုန်ဆွခုန်ဆွဖြစ်နေ
သော ကလေးတစ်သိုက်သည် Baekhyunအနား
မယောင်မလည်ဖြင့်ရောက်လာကြသည်။
တစ်ယောက်တည်းထိုင်ကာ စကားပြောနေသော
ဒီသွေးနှောသားလေးက ကလေးတွေမျက်စိထဲ
အတော်ထူးဆန်းနေ၏။" မဟုတ်မှ ငါ့လောက်တောင် ကိုရီးယားစကား
မပြောတတ်တာလား! "ဆောင့်ကြောင့်ထိုင်ရင်း ငေးကြည့်သည့်ကလေးက
ငေးကြည့်နှင့်ဖြစ်ကုန်ကြသည်။
ညနေ နေရောင်ခြည်အောက်တွင် အိမ်မပြန်သည့်သူဆို
၍ ကလေးတွေနှင့် Baekhyunသာ ရှိသည်။အိမ်အပြန်ဝင်ဝယ်ထားသော ခေါက်ဆွဲထုပ်များနှင့်
အတူ စတိုးဆိုင်သေးသေးလေးရှေ့ Baekhyun
တစ်ယောက်တည်း မကျေနပ်ခြင်းတရားများကို
ချပြနေမိသည်။ခေါက်ဆွဲထည့်သည့် ပန်းကန်ခွက်များနှင့်
ဂျုံများအကြောင်းကို လေ့လာနေခိုက်မှာပဲ စာလာသင်
ပေးသော Chanyeolဆိုသူက ပြန်သွားခဲ့၏…။
နှုတ်ဆက်မသွားသော ကျောပြင်တစ်ခုကို မီးဖိုဆောင်
ထဲမှ လှမ်းကြည့်ရင်း Baekhyun တွေးလိုက်မိ
သည်က လောကကြီးတွင် ရုပ်ချောသူတိုင်း အဆင်ပြေ
ကြသည့်သူများမဟုတ်ဟုလို့…။" အင်း…သူက ရုပ်ချောတယ်…
အဲ့ဒါတော့ ငါ သေးသေးလေးထောက်ခံတယ်… "" နည်းနည်းပါ… "
" ဟင်? "
စကားအသုံးအနှုန်းအမှားကို နံဘေးက ကလေးတစ်
ယောက်မှ ဝင်ထောက်သည်။ ထိုအခါမှ သူ့အနားတစ်
ဝိုက်ရောက်နေသော ကလေးများကို Baekhyun
သတိထားလိုက်မိ၏…။ကိုယ့်အတွေးနှင့်ကိုယ်မို့ ဒီကလေးတွေ အနားကို
မည်သည့်အချိန်ကရောက်လာသည်လဲဆိုတာ သတိ
မထားမိလိုက်…။ ဆိုင်ထဲဝင်သည့်အချိန်ကတော့
ဆိုင်ပေါက်ဝတွင် အော်နေကြတာ မြင်လိုက်ရသေး၏။
YOU ARE READING
143 -N- 637
Fanfictionဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်တွေရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က... ဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်ကိုယ်စီ ရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က...