Part - 24 [Final]

1K 148 63
                                    

[Zawgyi]

" ဘာလို့ရောက်လာသလဲ "

" သူများတွေရဲ့ ညစ်စုတ်ပတ်တဲ့အကြံတွေကို
အကောင်အထည်မပေါ်စေချင်လို့လေ... "

ခံပြင်းစွာ တစ်နည်းအားဖြင့် မုန်းတီးစွာ မေးလိုက်သော
Thomas၏ မေးခွန်းအား Baekhyunက
အပြုံးပါးပါးလေးဖြင့်ပင် ပြန်ဖြေပေးလာသည်။
အောင်နိုင်သွားသောသူတစ်ယောက်၏အပြုံးသွင်ပြင်က
တိကျစွာပုံပေါ်နေသည်မို့... Thomas လက်သီး
ဆုပ်လိုက်မိသည်။
ဤသည်ကို Baekhyunမြင်လိုက်သလို
Chanyeolလည်း မြင်လိုက်ပါသည်။

" ကိုယ့်လူကိုယ်ပြန်လာခေါ်တာကို
ဘာတွေအလိုမကျနေတာလဲ Sir Thomasရဲ့ "

Baekhyun၏ လှောင်ပြုံးက ပုံရိပ် ပိုပီပြင်လာ
သည်။ Thomas ယခုကဲ့သို့ ဖြစ်ပျက်နေသည်ကို
မြင်ရလေ... Baekhyunအတွက်တော့ ပိုစိတ်တိုင်း
ကျစရာဖြစ်လေပါပဲ...။

" တကယ်တမ်းဆို Dacianaက
ငါ အစောကတည်းက ပိုင်ထားတဲ့ ငါ့အဖွဲ့ရဲ့လူပဲ "

" Chanyeolကို ဘယ်သူမှမပိုင်ဘူး! "

စိတ်လှုပ်ရှားစွာ ထွက်ပေါ်လာသော Baekhyun၏
အသံသည် သိသာစွာပင် အေးစက်နေခဲ့၏...။

" စကားကိုကြည့်ပြောစေချင်တယ် Sir Thomas
Chanyeolက သူ့ဘဝကို သူကိုယ်တိုင်ပဲပိုင်တယ်
ဟိုလူပိုင်တယ် ဒီလူပိုင်တယ်ပြောရအောင်
Chanyeolက ပစ္စည်းမဟုတ်ဘူး... "

Chanyeol မျက်မှောင်ကြုတ်မိသွားသည်။
မထင်မှတ်စွာ Baekhyun၏ အထိအရှလွယ်သော
အပိုင်းကို Chanyeol သိလိုက်ရပြီပဲ...။

ချက်ချင်းပြောင်းလဲသွားသော မျက်ဝန်းအရောင်များက
Thomas၏စကားတို့ကို မနှစ်မြို့ကြောင်း
အတိအလင်းကိုဖော်ပြလာကြသည်။

ရုတ်ခြည်းဆန်စွာ ဖြစ်ပျက်သွားသော Baekhyun
အသွင်အပြင်ကြောင့်... Thomas ခဏတာ
ကြောင်အသွားပြီးမှ...

" အဲ့ဒါဆို မင်းပြောသလို Chanyeolက
သူ့ဘဝကို သူပိုင်တယ်ဆိုရင်...
ဘာလို့ မင်းက အခုသူ့ကို လာခေါ်ရသလဲ "

" သူက ကျွန်တော့်ကို ရွေးချယ်ထားတာမို့လေ "

စက္ကန့်မဆိုင်းပြန်ဖြေလာသော Baekhyunအပြော
ကို Chanyeol မပြုံးပဲမနေနိုင်။
Baekhyun၏ ခပ်စွာစွာပုံရိပ်ကလေးက ပေါ်လာ
ခဲ့ပြန်သည်မို့ Chanyeol သဘောကျသွားသည်မှာ
တော့ အမှန်ပင်ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Jun 17, 2022 ⏰

Add this story to your Library to get notified about new parts!

143 -N- 637Where stories live. Discover now