Part - 15

724 157 73
                                    

[Zawgyi]

Baekhyun၏ 16နှစ်မြောက်မွေးနေ့… … …

16 နှစ်မြောက်မွေးနေ့မှာ Baekhyunက
တစ်သက်စာခေါ်ဆိုလို့ရတဲ့ ဖုန်းနံပတ်လေးတစ်ခုကို
ပိုင်ဆိုင်ခဲ့သည်…။
ထပ်လောင်းရခဲ့တဲ့ ကူပွန်တွေကို Baekhyun
မသုံး… မဟုတ်လည်း Chanyeolက
Baekhyun အထပ်ထပ်တောင်းဆိုလိုက်တာနဲ့
ဖြည့်ဆည်းလိုက်လျောပေးမယ်ဆိုတာ သိနေတော့
ကူပွန်တွေကို ထုတ်သုံးဖို့ရာအထိ Baekhyun
မိုက်မဲမနေ…။

ထို့အတူ Chanyeol ကိုယ်တိုင်ထွင်းထားပေးသော
ဆက်သွယ်ရန်ဖုန်းနံပတ်ပါ သစ်သားအဝိုင်းပြားလေး
ကိုလည်း ထုတ်မသုံးခဲ့။
မဟုတ်… Baekhyun ထုတ်ဆွဲခဲ့သေးသည်။
ကျောပိုးအိတ်တွင်ချိတ်ရင်း မြောက်ကြွမြောက်ကြွဖြစ်ခဲ့
သော ဥရောပသွေးနှောသားလေးကို Seogwipo
မြို့အပိုင်းလေးမှာ မြင်တဲ့သူတွေအတော်မြင်ခဲ့ရသေး
၏…။

နောက်ပိုင်း ထိုသစ်သားအဝိုင်းလေးအပေါ်တွင်
မတော်တဆခြစ်မိရာလေးတစ်ခုဖြစ်ပြီးနောက်ပိုင်း
Baekhyun နှမြောတသဖြစ်စွာ ဖြုတ်သိမ်းပစ်ခဲ့တာ
ဖြစ်သည်။
တစ်သက်တာသုံးမည့်နံပတ်ဖြစ်သောကြောင့် နည်းနည်းလေးမှပင် အထိအခိုက်မခံလိုကြောင်း
Chanyeol နားထောင်ကောင်းအောင် ပြောလိုက်
သေးသည်…။

17နှစ်မြောက်မွေးနေ့… … …

အချိန်တွေကုန်တာမြန်ကြောင်း Baekhyunက
နောက်ထပ်မွေးနေ့တစ်ခုကိုရောက်လာခြင်းနှင့်
သက်သေပြသည်။

ဒီတစ်နှစ်ကျ Chanyeolထံမှ မွေးနေ့ကိတ်တစ်လုံး
ကို Baekhyun ရခဲ့၏…။
မနက်12နာရီတိတိတွင် ပို့လာသော မွေးနေ့ဆုတောင်း
စာတစ်စောင်နှင့် မနက်အစောကြီးတွင် အိမ်ရှေ့အထိ
ရောက်နေသော Chanyeolကို Baekhyun
မြင်ခဲ့ရသည်။

Baekhyun တစ်ကိုယ်စာဝင်နေနိုင်သော သစ်သား
အိမ်သေးသေးလေးတစ်လုံးကို Chanyeol
ကိုယ်တိုင် ဆောက်ပေးခဲ့၏…။
Baekhyun၏ အလိုတိုင်း ထိုသစ်သားအိမ်လေးကို
အိမ်အတွင်းထဲအထိ မရရအောင်ထည့်ပေးသည်အထိ
Chanyeol အလိုလိုက်ခဲ့ပြန်သည်။

ပန်းပုပိုင်းတွင် Chanyeol ကျွမ်းကျင်ကြောင်း
သိပြီးနောက်ပိုင်း ChaMin Hyungက
Chanyeol ထံ ခဏခဏအပူကပ်၏…။
မည်သို့သော သစ်သားပုံစံသေးသေးလေးများကို
လိုချင်ကြောင်း Chanyeol နားမထောင်သည့်
စကားများကို ထပ်ခါတလဲလဲပြောရင်း တောင်းဆိုတတ်
သည်။ ဒါကိုလည်း Chanyeolက တစ်ချက်သာ
ပြန်ကြည့်ပြီး အင်းအဲ ဖြင့် ထောက်ခံချက်ပင်ပေးမလာ။

143 -N- 637Where stories live. Discover now