Part - 5

750 172 26
                                    

[Zawgyi]

Baekhyun ထိတ်လန့်စိတ်ဖြင့် လက်သီးလေးများ
ဆုပ်မိသွားသည်။
Chanyeol၏ ဒေါသထွက်နေသောအသွင်အပြင်က
ယခင်တို့ထက် ပိုအေးစက်စွာ အဝေးသို့ပင်ထွက်ပြေး
ချင်စိတ်ပေါက်မိသည်အထိဖြစ်နေသည်…။

" Chanyeol…ငါ… "

" တောင်းဆိုတာ Baekhyun…
ငါနဲ့ဝေးဝေးနေပေးစမ်းပါ… "

Chanyeol…Baekhyunအနားမှထွက်သွား
ခြင်းက Baekhyunအတွက် စိတ်သက်သာရာရ
သလို ဆွဲဖမ်းထားချင်စိတ်ကိုလည်း တပြိုင်နက်တည်း
ဖြစ်ပေါ်နေစေ၏…။

ဒေါသထွက်နေသည်ထက်ပင် ကျော်လွန်နေသော
Chanyeolကို အနားမရှိစေချင်သော်ငြား…
Chanyeolစိတ်ပြေဖို့ရန်ကလည်း ကြိုးစားကြည့်
ချင်နေသေးသည်။
Chanyeol…ရုတ်တရက် ပေါက်ကွဲထွက်သွားရ
သည်အထိ Baekhyun ဘာမှားခဲ့သည်လဲ…
ထိုအမှားကို တောင်းပန်ရင်း Chanyeol စိတ်ပြေ
စေဖို့ ကြိုးစားချင်သေး၏…။

အဝန်းကျဉ်းကျဉ်းလေးထဲမှ အဖြစ်အပျက်တို့ကို
စိတ်မဝင်စားတော့ဟန်ဖြင့် Chanyeolသည်တော့
Baekhyunကိုရော… သူ့ကျောပိုးအိတ်ကိုပါ
ဥပေက္ခာပြုစွာ ထွက်သွားခဲ့တော့သည်။

" ငါက တကယ်တောင်းပန်ချင်တာပါ… "

Chanyeol ကျောပိုးအိတ်ကို မရမကအတင်း
လွယ်ထားရင်း Baekhyun ပါးစပ်မှလည်း
ထုတ်ပြောနေမိသေးသည်။ သည်တင်သာမဟုတ်…
လက်ထဲတွင်လည်း ခေါက်ဆွဲဘူးကိုပိုက်ထားလျက်ဖြင့်။
ဘူးထဲတွင် ခေါက်ဆွဲများမရှိတော့သည်ကတော့
ချွင်းချက်ပေါ့…။

" Chanyeol စိတ်ပြေပေးရင်ကောင်းမှာပဲ "

Baekhyunအသံက ရှိုက်သံလေးများပင် ပါချင်
နေသေးသည်။ အဖျားသတ်တို့ တုန်တုန်သွားရင်း
ငိုဖို့အားယူနေသော ကလေးတစ်ယောက်လို နှာခေါင်း
ထိပ်လေးက ရှုံ့ရှုံ့သွားသေး၏…။

သေချာသည်… အခုချိန် တစ်ယောက်ယောက်ကများ
Baekhyunကို ဘာဖြစ်နေတာလဲဟု လာမေးလျှင်
Baekhyunတော့ အကြီးအကျယ်ထိုင်ငိုမိတော့မှာ။

Chanyeol ခြံရှေ့ရောက်တော့ Baekhyun
အိမ်လေးထဲကို လှမ်းကြည့်လိုက်မိသေးသည်။
ပြန်တွေးလိုက်မိသော အဖြစ်အပျက်အတွက် အင့်ခနဲ
အသံလေးတောင် ထွက်ကျသွားသယောင်…။
Baekhyun…တကယ်အမှားအကြီးကြီးကို
လုပ်လိုက်မိတာပဲ…။
ဒီတစ်ခေါက်အမှားက နွားနို့ဗူးလေးများကို နေ့စဉ်ရက်
ဆက်သွားသွားယူနေခြင်းတုန်းကထက် အဆများစွာ
ပိုဆိုးသည်။

143 -N- 637Where stories live. Discover now