Part - 14

643 158 81
                                    

[Zawgyi]

" နောက်တစ်ပတ်သောကြာဆို ငါ့မွေးနေ့ပဲ "

Chanyeol၏ဆိုဖာပေါ်တွင် အကျအနထိုင်နေရင်း
ပြောလာသော Baekhyunစကားတစ်ခွန်းဖြစ်
သည်။ စားပွဲပေါ်မှ မုန့်ထုပ်အမှိုက်ခွံကို လှမ်းယူနေ
သော Chanyeolထံမှ အကြည့်တစ်ခု ပျံ့လွှင့်လာ
၏…။

" အချိန်တွေတကယ်မြန်တာပဲ… "

Baekhyun နှာခေါင်းတစ်ချက်ရှုံ့သည်။
သူ မျှော်လင့်ထားသည်က ထိုသို့သောစကားမျိုးမဟုတ်။
အချိန်တွေ မြန်တာမမြန်တာထက် 16နှစ်မြောက်
မွေးနေ့အတွက် Chanyeol မည်ကဲ့သို့ဂုဏ်ပြုပေး
မည်ဆိုတာကိုပဲ ဦးစားပေးသိချင်သည်။

" Chanyeol… ငါ့မွေးနေ့လို့… "

မိမိလက်ထဲရောက်နေသော မုန့်ခွံကို ကြည့်နေရင်း
Chanyeol မျက်ခုံးတို့အနည်းငယ်တွန့်ကုတ်သွား
၏။ လက်ထဲတွင်ရှိနေသည်က မုန့်ခွံအနီရောင်…
စားပွဲပေါ်တွင် နောက်ထပ်ကျန်နေသေးသည်က
မုန့်ခွံလိမ္မော်ရောင်…။

Chanyeol ဘယ်လောက်များများ ဒီမုန့်ခွံတွေကို
အရောင်စုံအောင်လိုက်သိမ်းနေရဦးမည်လဲ…။

" Chanyeol ငါပြောနေတာ ကြား… "

" မင်းပြောနေတာ ငါမကြားခင်
အရင်ဆုံး မင်းစားထားတဲ့မုန့်ခွံတွေကိုတော့
သေချာလေးပစ်ပေးမလား… "

" အာ… ဆောရီးဆောရီး ဟီးဟီး "

ဆိုဖာပေါ်မှ မပြေးရုံတမည် Baekhyun အလော
တကြီးထလိုက်ရင်း Chanyeolလက်ထဲမှ
မုန့်ခွံကိုဆွဲယူလိုက်သည်။ ထို့နောက်…စားပွဲပေါ်တွင်
ရှိနေသေးသော မုန့်ခွံထုပ်ကိုပါ လှမ်းယူလိုက်၏…။

ညနေစောင်းတိုင်း Chanyeolအိမ်သို့လာပြီး
မုန့်လာလာစားနေရသည်ကို Baekhyun အတော်
ကြီးပျော်နေတာဖြစ်သည်…။
ဘဝက ဒီလိုနည်းလေးနဲ့ပင် ပျော်ရွှင်စရာကောင်းနေ
မှန်း Chanyeolကိုဆုံပြီးမှ Baekhyun
ရိပ်မိလာသည်…။

" အဲ့တော့ ငါ စကားဆက်လို့ရပြီလား… "

မုန့်ခွံအိတ်တွေကို အိတ်ထောင်ထဲ ကမန်းကတန်း
ထိုးသွင်းလိုက်ရင်း Baekhyun လိုရာကိုပြန်
ဦးတည်ပြန်သည်။

Chanyeol၏ ခွင့်ပြုသောသဘောဆောင်သည့်
ခေါင်းတစ်ချက်ငြိမ့်ခြင်းနောက်တွင် Baekhyun
ရယ်ရယ်မြူးမြူးဖြင့်စကားဆက်၏။

143 -N- 637Where stories live. Discover now