[Zawgyi]
" ဖုန်းက ဘယ်မှာလဲ… "
လှေပေါ်သို့ရောက်အပြီး ခဏကြာမှာပင် Chanyeolထံမှထွက်လာသော စကားဖြစ်သည်။
Baekhyunကို လာခေါ်ပြီး လှေဆိပ်သို့လာသည့်
လမ်းတစ်လျှောက်လုံး Chanyeolမျက်နှာက
ပိုမိုအေးစက်နေ၏…။
ထိုမျက်နှာကြောင့်လည်း Baekhyun စကားပြော
ချင်သည်ကိုပင် ငြိမ်နေရသည်…။လေတိုက်၍ ဖရိုဖရဲဖြစ်သွားသောဆံပင်တို့မှလွဲ၍
Chanyeol မျက်နှာမှအရိပ်အယောင်တို့ ပြောင်းလဲမသွား…။" အော်…အင်း…ဖုန်းက… "
ကျောပိုးအိတ်လေးကို ရင်ဖက်ထဲတင်းတင်းပိုက်လိုက်
ရင်း ပြန်ဖြေရန် Baekhyun အားယူလိုက်ရသေး
သည်။" ကျောပိုးအိတ်အောက်ဆုံးထဲရောက်နေလို့…
ငါ ဖုန်းဆက်ကြည့်ဖို့ကိုလည်း မေ့နေမိတာ…
ဖုန်းက ကိုင်လေ့ကိုင်ထမရှိတော့… "လှေကြမ်းခင်းကို တမင်အကြည့်လွှဲထားရင်းမှ
Baekhyun ဖြေသည်…။
စက်ခုတ်သံကြားထဲ Baekhyunအသံက ပိုတိုး
ဖျော့နေ၏။ မျက်နှာချင်းဆိုင်ထိုင်နေသော Chanyeolအကြည့်တို့ မိမိဆီကိုရောက်နေမှန်း
မျက်လုံးထောင့်မှ မြင်မိသည့်အခါ…Baekhyun
အသံက ပိုတိုးဖျော့သွားသည်…။ဖြေရှင်းစကားကြောင့်ထင် Chanyeolထံမှ
သက်ပြင်းချသံထွက်လာသည်။
ဖြစ်ချင်မှလည်းဖြစ်နိုင်ပါသည်…။ စက်သံ…ရေသံများ
အကြား Baekhyun အကြားအာရုံတို့ကပါ တိုးဖွ
ရောထွေးနေ၏…။" ဒါနဲ့ ဒီလှေက ဘယ်ကငှားလာတာလဲ… "
တစ်ယောက်မှမပါဘဲ မိမိတို့နှစ်ယောက်သာ လိုက်
လာသော စက်လှေကို Baekhyun နောက်တစ်
ခေါက်ထပ်အကဲခတ်လိုက်မိပြန်သည်။
ပစ္စည်းပို့… လူပြေးဆွဲသော စက်လှေတော့ဟုတ်မည်
မထင်…၊ မကြာခဏအသုံးပြုထားပုံမပေါ်သော လှေက
အသစ်နီးနီးအတိုင်း… သုံးထားသောပစ္စည်းများကအစ
ဈေးမြင့်မည်ထင်ရသည်…။Chanyeol လှေပေါ်တက်လာပြီး ကမ်းမှချက်ချင်း
ထွက်လာပုံထောက်… Chanyeolတစ်ယောက်
တည်း ငှားလာပုံပေါ်၏…။" ဦးလေးKim ငှားပေးလိုက်တာ…
လှေမှောက်တဲ့သတင်းကြားပြီး မင်းကိုဆက်သွယ်တာ
မရလို့ဆိုပြီး ငါ့ကို ချက်ချင်းလိုက်လာခိုင်းလိုက်တာ "
YOU ARE READING
143 -N- 637
Fanfictionဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်တွေရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က... ဂဏန်းနံပတ်တိုင်းမှာသာ အဓိပ္ပါယ်ကိုယ်စီ ရှိခဲ့ရင်... ငါ့ရဲ့ကိုယ်ပိုင်နံပတ်က...